Saturday, December 10, 2011
ဓမ္မပါရဂူတံတား မှတ်စု
  • ၃၀-၁၁-၂၀၁၁... ဗုဒ္ဓဟူးနေ့ ညနေ ၄း၃၀ တွင် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပွဲ ပြုလုပ်။
  • ၉-၁၂-၂၀၁၁.....အလှူရှင် ဦးသိန်းဆောင်+ဒေါ်ထွေးတင် သမီး မသိန်းသိန်းမြင့် မိသားစုက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုနှင့် ကန်တရိုက်စာချုပ် ချူပ်ဆို။ ကုန်ကျစရိတ် တစ်ဝက်ကို ချေ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဝင်းနှင့် ရပ်မိရပ်ဖများ တက်ရောက်။
  • ၁၀-၁၂-၂၀၁၁..ပနက်တင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ စတင်။ ကိုဝင်းထွဋ် က ဧည့်သည် ၃၀ ခန့်အား နေ့လည်စာဖြင့် ဧည့်ခံ။
  • အောက်ခြေ (footing) ပိုင်းကို စတော့ ရေတော်တော်ထွက်တယ်။ ကွန်ကရစ်ကို အခြောက် လောင်းတာ အခုမှပဲ မြင်ဖူးတော့တယ်။ အောက်ခြေ ၈ လက်မ၊ ပြီးတော့ အပေါ်မှာ ဖိနပ်နဲ့ ၆ လက်မ ထု လောင်းတယ်။
  • ဒီဇင်ဘာ ၂၃ မှာ တိုင်ခြောက်တိုင်ကို ၅ပေ လောက်အထိ လောင်းပြီးသွားပြီ။ သဲဈေးတွေ သုံးကျင်းကို ၈သောင်းဝန်းကျင်လောက် ရှိနေတယ်။
Monday, December 5, 2011
အင်းလေးအလှ တွေးဆဖွယ်ရာ
ဖန်တီးသူက တခြား၊ ခံစားသူက တခြား ဖြစ်နေသလိုပဲ
  • အင်းလေးကို ဒီတစ်ခေါက်ရောက်တော့ စိတ်ထဲမှာ စဉ်းစားမိလာတယ်။
  • လှေကလေးတွေကို ခြေနဲ့လှော်တဲ့ပုံရိပ်မျိုးဟာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ဓလေ့ထုံးစံဖြစ်လို့ အင်လေးရဲ့ ကိုယ်ပိုင်အမှတ်အသားလို့ ပြောနိုင်ပါတယ်။ အင်းသူအင်းသားများ အသုံးပြုတဲ့ လှေကလေးတွေကလည်း ဒေသနဲ့ကိုက်ညီအောင် ဖန်တီးထားတဲ့ ကိုယ်ပိုင်ပုံဟန်၊ ကိုယ်ပိုင်စတိုင်တွေပါပဲ။ ဒါတွေကို ပြည်တွင်းပြည်ပ ခရီးသွားဧည်သည်တွေက အမှတ်တရအဖြစ် ဓာတ်ပုံများ ရိုက်ယူကြတယ်။ ဧည်သည်အကြိုက် ပုံရိပ်များပေါ့။
  • အကယ်၍များ အင်းသူအင်းသားတွေ စီးပွားရေးအခြေအနေတိုးတက်လာရင် ဒီလိုလှေကလေးတွေကို အသုံးပြုကြဦးမှာလား။ ခြေထောက်တွေနဲ့ လှော်ကြခတ်ကြဦးမှာလား။
  • တကယ်တော့ သူတို့တွေ အင်းရေပြင်ပေါ်မှာ ခြေထောက်နဲ့ လှော်ခတ်ပြနေကြတာဟာ အလှအပ ပြနေကြတာ မဟုတ်ပါဘူး။ လှေပေါ်မှာ အုပ်ဆောင်းဆောင်ပုံကို
Wednesday, November 30, 2011
ဓမ္မပါရဂူတံတား အန္တရာယ်ကင်း ပရိတ်ရွတ်
ဓမ္မပါရဂူတံတား အန္တရာယ်ကင်း ပရိတ်ပွဲ
ဓမ္မပါရဂူကျောင်းတိုက် အ၀င်လမ်းရှိ ချောက်ကမ်းပါးကို ကျော်ဖြတ်၍ ပေ၄၀၊ သံကူကွန်ဂရစ်တံတား တည်ဆောက်မည်ဖြစ်ရာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် ၊ ဗုဒ္ဓဟူးနေ့ ညနေ ၄း၃၀ တွင် တံတား တည်ဆောက်မည့်နေရာ၌ ပရိတ်မေတ္တာဘာဝနာ စည်းဖြန်းခြင်းကို ပြုလုပ်ခဲ့ပါသည်။
Saturday, November 26, 2011
စွယ်တော်လေးဆူ ရှိခိုး ဂါထာ ပါဌ် အနက်
ဒက္ခိဏုပရိမာ ဒေဝေ ၊ နာဂေ ဒက္ခိဏ ဟေဋ္ဌိမာ။
ဝါမုပရိမာ ဂန္ဓာရေ ၊ သီဟဠေ ၀ါမ ဟေဋ္ဌိမာ။
ဗုဒ္ဓဿ စတုရော ဒါဌာ ၊ အဟံ ၀န္ဒာမိ ဒူရတော။
Friday, November 25, 2011
ဓမ္မပါရဂူတံတား ဆောက်လုပ်လှူဒါန်းမည်
          ပြည်လမ်း(ထောက်ကြန့်စစ်သချို င်္င်းရှေ့)မှ ဓမ္မပါရဂူကျောင်းတိုက်သို့ ၀င်ရောက်ရာလမ်း အရှည်မှာ ပေ ၁၅၀၀ ခန့် ရှိသည်။ ထိုလမ်း၏ ပေ ၁၀၀၀ လောက်တွင်(ကျောင်းတိုက်သို့ မရောက်မီ ပေ၄၀၀ ခန့်တွင်) ပေ၅၀ခန့်  ကျယ်သော လျိုတစ်ခု ရှိသည်။ ထိုလျို ရှိနေသဖြင့် ကျောင်းတိုက်အတွင်းသို့ ကားဖြင့် ၀င်ရောက်ရာတွင် ကျောင်းဘေးရှိ အခြားခြံများတွင်းမှ ကွေ့ပတ်၍ ၀င်ရောက်ရပါသည်။ ထိုအခက်အခဲကို ပြေလည်စေရန် အလို့ငှာ ကွယ်လွန်သူ ရဟန်းဒါယကာကြီး ဦးသိန်းဆောင် အားရည်စူး၍ ရဟန်းဒါယိကာမကြီး ဒေါ်ထွေးတင် သမီး မသိန်းသိန်းမြင့် မိသားစုတို့က သစ္စာသိမြင် ဗောဓိဥာဏ်၏ အထောက်အပံ့ ဖြစ်စေရန်
လုပ်ပြလိုက်
             (၁)
  • ဘ၀ခရီး ၊
  • ပင်လယ်ကြီးဝယ် ၊
  • ပြီးတာတွေလည်း...ရှိ ၊
  • နီးတာတွေလည်း...ရှိ ၊
  • ငြီးစရာတွေလည်း...ရှိ ။     ။
Wednesday, November 23, 2011
ဆရာမဲ့ ခရီးသွား
           အခုတော့ ဆရာကြီးနဲ့ဆရာတို့ ဘယ်ဘုံဌာန ရောက်နေကြပါလိမ့်။ 
ဦးဇင်းကို ခေတ်အမြင် ခေတ်အတွေးတွေနဲ့ ဗဟုသုတပညာမျာစွာ၊ အသိဥာဏ်ပညာများစွာကို ဆရာတို့ ပေးခဲ့ကြပါတယ်။ ဆရာကြီးဆိုတာက ပါမောက္ခဒေါက်တာခင်မောင်ဝင်းပါ။ ဆရာဆိုတာကတော့ ပါမောက္ခ ဒေါက်တာသိန်းဇံ(နန္ဒာသိန်းဇံ)ကို ရည်ရွယ်တာပါ။
ဆရာကြီးပါမောက္ခဒေါက်တာခင်မောင်ဝင်း(ဒဿနဗေဒ)
ပါမောက္ခဒေါက်တာသိန်းဇံ (နန္ဒာသိန်းဇံ)
                                                         (က)
          ဆရာကြီးက မိဘအရွယ်မို့ ဦးဇင်းအပေါ် ဖခင်တစ်ဦးလို အရာရာမှာစောင့်ရှောက်ပေးတယ်။
ဆရာကတော့ ဦးလေးအရွယ်ဆိုပေမဲ့ ညီရင်းလို တိုက်တိုက်တွန်းတွန်းနဲ့ ခွန်အားတွေ ပေးပြခဲ့တာပါ။
ဆရာကြီးဆုံးတော့ တပည့်တွေက ဆရာကြီး Park Royal Hotel မှာ ဟောပြောခဲ့တာကို အမှတ်တရ ဖော်ပြခဲ့ကြတယ်။  အဲဒါက
`ဘ၀မှာ..ပစ္စည်းဥစ္စာ ဆင်းရဲတာ၊ချမ်းသာတာ အရေးမကြီးဘူး။ ရာထူးကြီးတာ၊ သေးတာ အရေးမကြီးဘူး။ စိတ်ချမ်းမြေ့မှု ရှိဖို့ အရေးကြီးတယ်´တဲ့။ 
၂၀၁၁ ခုနှစ်၊ ပထမအကြိမ်၊ ဓမ္မပါရဂူကျောင်းတိုက် ကထိန်ပွဲ ပုံရိပ်များ -၂
ကထိန်မတည် အလှူရှင် ဒေါ်ထွေးတင် သမီး မသိန်းသိန်းမြင့်
၂၀၁၁-ခုနှစ် ပထမအကြိမ်၊ ဓမ္မပါရဂူကျောင်းတိုက် ကထိန်ပွဲ ပုံရိပ်များ
ကထိန်ပွဲသို့ ကြွရောက်ချီးမြှင့်သော သံဃာတော်များ
Tuesday, November 22, 2011
အဋ္ဌကထာ ကျမ်းစာအုပ်များ လှူဒါန်းခြင်း
           မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တိလောကရပ်ကွက်အတွင်း တည်ထောင်ထားသော ဓမ္မပါရဂူ ကျောင်းတိုက်အတွင်း စာချစာသင်သံဃာတော်များနှင့် ဗုဒ္ဓစာပေကိုလေ့လာလိုသော သုတေသီများ ဖတ်ရှု နိုင်ရန်အတွက် ကွယ်လွန်သူ ဒေါ်အုန်းခင်၊ ဦးသိန်းကြီ အားရည်စူး၍ ဒေါ်အေးရီ မိသားစုများက လာရောက် လှူဒါန်းသွားကြပါသည်။ အဋ္ဌကထာ ကျမ်းစာအုပ်အရေအတွက် (၅၁)အုပ်နှင့် မျက်နှာဖုံးတွင် အလှူရှင်အမည်ထိုးပြီး ကာလတန်ဖိုး နှစ်သိန်းတစ်သောင်း ဖြစ်ကြောင်းသိရသည်။
ဓမ္မပါရဂူကျောင်းတိုက်တည်ရန် မြေလှူဒါန်းခြင်း(၃)
ကျောင်းမြေဒါယကာကြီး ဦးဘဟိန်း + ဒါယကာမကြီး ဒေါ်ဋ္ဌေးဋ္ဌေး
ဒါယကာမကြီးဒေါ်ဋ္ဌေးဋ္ဌေးနှင့် သမီး မဥမ္မာဟိန်း
ကျောင်းမြေဒါယကာ ကိုမောင်မောင်သန်း+မဥမ္မာဟိန်းနှင့် မိသားစု
ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ကြစဉ်
သားသမီးမြေးများ လှူဖွယ်ဝတ္ထုများ ဆက်ကပ်ကြစဉ်
ဓမ္မပါရဂူကျောင်းတိုက်တည်ရန် မြေလှူဒါန်းခြင်း(၂)
ဒုတိယပါမောက္ခချုပ်(စီမံ)ဆရာတော်
မင်္ဂလာဒုံမြို့နယ်၊ သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော်
ဓမ္မပါရဂူကျောင်းတိုက်တည်ရန် ဦးထေရာသဘ လက်ခံစဉ်
ဓမ္မပါရဂူကျောင်းမြေ လှူဒါန်းပွဲ(၁)
ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော် ဘဒ္ဒန္တဇောတိက
 မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တပညာဝံသ 
ကျောင်းမြေလှူဒါန်းမှု ဓာတ်ပုံ
ဓမ္မပါရဂူကျောင်းတိုက်တည်ထောင်ရန် ကျောင်းမြေလှူဒါန်းခြင်း
အလှူရှင် ဦးဘဟိန်း+ဒေါ်ဋ္ဌေးဋ္ဌေး၊ ကိုမောင်မောင်သန်း+မဥမ္မာဟိန်း မိသားစုတို့မှ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများနှင့်တကွ လှူဒါန်းစဉ်
Monday, November 21, 2011
လုံခြုံရေး
အခုတလောမှာ ဟိုလမ်းပိတ်၊ ဒီလမ်းပိတ်၊ ဟိုဟာ မလုပ်ရ၊ ဒီဟာ မယူရ၊ ဒီက မသွားနဲ့..စတဲ့စတဲ့ တားမြစ်ချက်တွေ မြင်ရကြားရတာ များလာတယ်။ စဉ်းစားကြည့်မိတာက လုံခြုံရေး-ဆိုတဲ့ဝေါဟာရ ဘာကြောင့်များ ရှိလာရတာလဲ။ 
သိတဲ့အတိုင်းပဲလေ - ဒီခေတ်မှာက လုံခြုံရေးဆိုတာကို ပိုပြီးသုံးစွဲလာကြသလို ပိုပြီးတော့လည်း ဂရုထားလာကြတယ်။ လုံခြုံရေးအတွက် လူအားကို သုံးရတယ်၊ လိုအပ်ရင် ခေတ်မီပစ္စည်း အသုံးပြုရတယ်။
ဓမ္မပါရဂူကျောင်းတိုက်အတွင်း သိမ်သမုတ်မည်
      ဓမ္မပါရဂူကျောင်းတိုက်အတွင်းတွင် ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်းအစရှိသော ၀ိနည်းကံများ ပြုလုပ် ဆောင်ရွက်နိုင်ရန် ၅၄ပေ ပတ်လည်အတိုင်းအတာရှိသောမြေကို ၂၀၁၂-ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်နေ့တွင် သိမ်နုတ်ခြင်း၊ သိမ်သမုတ်ခြင်း ပြုလုပ်မည်ဖြစ်သည်။ သိမ်နုတ်ခြင်း၊ သိမ်သမုတ်ခြင်းကို ဇေယျရွှေမြေ FC ကပ္ပတိန် ကိုဇော်လင်းထွန်းနှင့် ဇနီး မသဉ္ဇာဝင်း(ပူစူး)၊ သား မောင်ကောင်းဇော်ဟိန်း မိသားစုတို့က ဦးဆောင်
Sunday, November 20, 2011
တယ်လီဖုန်း လှူဒါန်းခြင်း
      ဓမ္မပါရဂူကျောင်းတိုက်တွင် ဆက်သွယ်ရေးကိစ္စ အဆင်ပြေစေနိုင်ရေးအတွက် GSM တယ်လီဖုန်း တစ်လုံးကို အထိုင်နှင့်တကွ လှူဒါန်းမှုကို ယမန်နေ့ နေ့လည်ပိုင်းက လသာမြို့နယ်၊ ၁၆ လမ်းနေ ရဟန်းဒါယကာမကြီး ဒေါ်မွှေ့ နေအိမ်၌ ကျင်းပခဲ့ပါသည်။
Saturday, November 12, 2011
ကထိန် အတွေး
ကထိန်ဆိုတာ ဘာလဲ
ကထိန်ဖြစ်ပေါ်လာပုံ
ကထိန်ကို ဘယ်သူတွေက လှူလို့ ဘယ်သူတွေက ခင်းတာလဲ။
ကထိန်အာနိသင်ငါးမျိုး
ကထိန်ခင်းနိုင်ခွင့် အကြိမ်အရေအတွက် (တစ်ကြိမ်ထက် ပိုခင်းခွင့် ရှိသလား)
နှစ်ကြိမ်သုံးကြိမ်ခင်းတာကို ဘယ်လိုနားလည် သင့်သလဲ။
Thursday, November 10, 2011
အေးကထိန်..လား? မေးကထိန်.လား.?
ချမ်းသာတဲ့အသိုင်းအ၀ိုင်းက ဆည်းကပ်တော့လဲ ချမ်းသာကြတာပေါ့။ ဆင်းရဲ့တဲ့အသိုင်းအ၀ိုင်းက ဆည်းကပ်တော့လဲ ဒီလိုပဲပေါ့။ ကထိန်ရာသီမှာ နောက်ဆုံးရက်(တန်ဆောင်မုန်းလပြည့်နေ့)တိုင်အောင် ကထိန်မဖြစ်တဲ့ကျောင်းတွေက ရှိသေးတယ်။ ဒီလိုကျောင်းတွေကို ကထိန်လုပ်ဖြစ်အောင် လိုက်ရှာရတာလဲ အတွေ့အကြုံသစ်တွေ အများကြီးရပါတယ်။
အရင်နှစ်တွေတုန်းက ပုလဲမြို့သစ်ဖက်ကို သွားလေ့ရှိပါတယ်။ ဒီနှစ်တော့ မှော်ဘီမြို့နယ်ထဲက ပိန္နဲကုန်းရွာနဲ့ နောက်တရွာ(နာမည်မေ့သွားပြီ)ထဲမှာ ရှိတဲ့ ကျောင်းအချို့ကို သွားဖြစ်ပါတယ်။ စုစုပေါင်း ၈ ကျောင်း ကထိန် မခင်းရသေးလို့ ကထိန်အာနိသင်ရအောင် ကထိန်သင်္ကန်း လှူဒါန်းခဲ့ကြပါတယ်။
Tuesday, November 8, 2011
ဓမ္မပါရဂူကျောင်းတိုက် (ထောက်ကြန့်)အလှူရှင်များနှင့် လိုအပ်နေသော သာသနိကအဆောက်အဦများ
ကျောင်းမြေအလှူရှင်
  • ဦးဘဟိန်း + ဒေါ်ဌေးဌေး မိသားစု
  • ဦးမောင်မောင်သန်း + ဒေါ်ဥမ္မာဟိန်း မိသားစု
  • ရဟန်းဒါယကာမကြီး ဒေါ်ချက်
  • ဦးဟုတ်ရှိန် + ဒေါ်ထွေးကြည် မိသားစု
  • မငြိမ်းငြိမ်းစိုး
  • ဦးသိန်းဆောင် + ဒေါ်ထွေးတင် သမီး မသိန်းသိန်းမြင့် မိသားစု
 ဓမ္မပါရဂူတံတား အလှူရှင်
  • ဦးသိန်းဆောင် + ဒေါ်ထွေးတင် (သမီး) မသိန်းသိန်းမြင့် မိသားစု
သိမ်ကျောင်း အလှူရှင် (တည်ဆောက်ဆဲ)
  • ကိုဇော်လင်းထွန်း (ဇေယျာရွှေမြေအသင်း၊ကပ္ပတိန်) + မသဉ္ဇာဝင်း (သား) ကောင်းဇော်ဟိန်း မိသားစု၊
  • ဒေါက်တာ ဦးသောင်းလှိုင်+ဒေါ်မီမီကျော် မိသားစု 
မှန်မှန် လျှောက်
  (ဘ၀ခရီးလျှောက်လှမ်းရာဝယ် ပတ်ဝန်းကျင်၏ဂရုစိုက်ပေးမှုတွေကြောင့် သာယာလွင့်မျော ကျေနပ်နှစ်သက်နေခြင်းများ၊ ပတ်ဝန်းကျင်၏ ဂရုမစိုက် ပေးမှုတွေကြောင့် နာကျင်ခံစား မကျေမနပ်ဖြစ်နေခြင်များ ရံဖန်ရံခါ  ဖြစ်နေတတ်ပါတယ်။
   သာယာလွင့်မျော ကျေနပ်နှစ်သက်နေသည်က အစွန်းတစ်ဖက်၊....နာကျင်ခံစား မကျေမနပ် ဖြစ်နေသည်ကလည်း အစွန်းတစ်ဖက်ဖြစ်နေတာမို့လို့ ...ကိုယ့်လမ်းခရီး ကိုယ်လျှောက်နေရာဝယ် အစွန်းနှစ်ဖက်သို့ မချဉ်းမကပ်ဘဲ မှန်သောလမ်း ဖြစ်ရင် မှန်မှန်သာ လျှောက်ကြပါစို့။) 
(၁)
  • ကိုယ့်အတွက်...ဟု ၊ 
  • ဂရုစိုက်ပေးတာကို ၊ 
  • ဂရုစိုက်..နေပါနဲ့ ။ 
  • သစ္စာလမ်းစဉ် ၊ 
  • ဥာဏ်နဲ့..ယှဉ်ထောက် ၊
  • လျှောက်စရာ မှန်ရင် ၊ 
  • မှန်မှန်..လျှောက်...။ 
ဓမ္မပါရဂူကျောင်းတိုက် စုပေါင်းမဟာဘုံကထိန်
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ တိလောကရပ်ကွက်အတွင်း၌ တည်ရှိသော ဓမ္မပါရဂူကျောင်းတိုက်တွင် ပုရိမ၀ါမှ ထတော်မူကြကုန်သော သံဃာတော်တို့အား မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ၂၀၁၁-ခုနှစ်၊ နိုဝင်ဘာလ ၅-ရက်၊ (၁၃၇၃-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀-ရက်) စနေနေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
၂၀၁၁-ခုနှစ် စုပေါင်းမဟာဘုံကထိန် ပုံရိပ်များ
ကထိန်အနုမောဒနာတရား
Monday, November 7, 2011
တိုက်ရင်..ခိုက်တတ်တယ်
သူက..ပြောတယ်။
သည်းခံခြင်းသည် အောင်မြင်ခြင်းဆိုတာ..သူတော်စင်တွေကျင့်သုံးဖို့ ဖြစ်တယ်။
လောကီလူသားတွေအတွက်ကတော့ ကိုယ့်ကို ထိပါးလာရင်.. ကိုယ့်ပိုင်နက်ကိုစော်ကားလာရင်..
အဲဒီလူကို တုန့်ပြန်သင့်သလောက် တုန့်ပြန်ရမယ်၊
အားအင်ရှိသလောက်တိုက်ခိုက်သင့်ရင် တိုက်ခိုက်ရမယ်...တဲ့။
ဆက်သွယ်ရန်
ဆက်သွယ်ရန်လိပ်စာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • ပဓာနနာယက ဆရာတော် ဦးထေရာသဘ ၊ ဓမ္မပါရဂူကျောင်းတိုက်၊ တိလောကရပ်ကွက်၊ အဝေရာ(၂)လမ်း၊ ထောက်ကြန့်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ 
  • ဓမ္မပါရဂူကျောင်းတိုက်ဖုန်း--၀၉-၄၃၁၇၉၀၃၃
  • ဦးထေရာသဘ ၊ ကထိက ၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန၊ 
  • ပါမောက္ခကျောင်းဆောင် (ဥတ္တရ)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ကမ္ဘ္ဘာအေးကုန်းမြေ၊
  • ၀၉-၇၃၂၄၂၆၀၇ ၊ therasabha@gmail.com ၊ www.therasabha.blogsport.com
ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
  • မယ်တော်ကြီးဒေါ်ဘီ၊ ၀၉-၄၃၁၇၉၀၃၃ ။ (လပတ(နိုင်)၀၂၃၇၈၅)
  • ဒေါ်ကြည်ကြည်အေး၊ ဓမ္မဗျူဟာသာသနာ့မာမကအဖွဲ့၊ 
  • ဒေါ်ထူးထူးလှိုင်၊ ဓမ္မဗျူဟာသာသနာ့မာမကအဖွဲ့၊
  • ဒေါ်မြမြကြည်၊ ၀၉-၈၆၄၀၈၃၁
  • ဒေါ်သင်းသင်းဆွေ ၀၁-၆၆၀၆၁၅
  • အိမ်ရှင်မစတိုး ၀၁-၆၆၀၀၈၆၊ ၀၉-၅၀၅၉၀၈၆ 
  • ကိုကျော်ထင်၊ ထိုင်ဝမ်
အထွေထွေ
အထွေထွေကဏ္ဍ၌ လိုအပ်သလို ဖော်ပြသွားပါမည်။
အလှူရှင်များ
ဓမ္မပါရဂူကျောင်းတိုက် ထူထောင်ရာတွင် အဓိကလိုအပ်ချက် ဖြစ်သည့် ကျောင်းမြေအတွက်
ဦးဘဟိန်း+ဒေါ်ဋ္ဌေးဋ္ဌေးမိသားစုနှင့် ကိုမောင်မောင်သန်း+မဥမ္မာဟိန်းမိသားစုတို့က မြေဧက ၂ ဧကနီးပါးခန့်ကို စေတနာသုံးတန်ပြဋ္ဌာန်း၍ လှူဒါန်းခဲ့ကြပါသည်။
ကထိန်ပွဲသတင်း
ကထိန်ကို ပုဂ္ဂလိကအလှူရှင် သီးသန့်မဟုတ်ပဲ
စုပေါင်းမဟာဘုံကထိန်ပွဲအဖြစ် စီစဉ်ကျင်းပပြုလုပ်ခဲ့ကြပါသည်။
မဟာဘုံကထိန်
ဓမ္မပါရဂူကျောင်းတိုက် (ထောက်ကြန့်) ပထမအကြိမ် မဟာဘုံကထိန်
ဓမ္မပါရဂူကျောင်းတိုက် (ထောက်ကြန့်) ပထမအကြိမ် မဟာဘုံကထိန်ပွဲတော်ကို
၅-၁၁-၂၀၀၁၁တွင် ကျင်းပပြုလုပ်ပါသည်။
အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။