- ၃၀-၁၁-၂၀၁၁... ဗုဒ္ဓဟူးနေ့ ညနေ ၄း၃၀ တွင် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပွဲ ပြုလုပ်။
- ၉-၁၂-၂၀၁၁.....အလှူရှင် ဦးသိန်းဆောင်+ဒေါ်ထွေးတင် သမီး မသိန်းသိန်းမြင့် မိသားစုက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုနှင့် ကန်တရိုက်စာချုပ် ချူပ်ဆို။ ကုန်ကျစရိတ် တစ်ဝက်ကို ချေ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဝင်းနှင့် ရပ်မိရပ်ဖများ တက်ရောက်။
- ၁၀-၁၂-၂၀၁၁..ပနက်တင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ စတင်။ ကိုဝင်းထွဋ် က ဧည့်သည် ၃၀ ခန့်အား နေ့လည်စာဖြင့် ဧည့်ခံ။
- အောက်ခြေ (footing) ပိုင်းကို စတော့ ရေတော်တော်ထွက်တယ်။ ကွန်ကရစ်ကို အခြောက် လောင်းတာ အခုမှပဲ မြင်ဖူးတော့တယ်။ အောက်ခြေ ၈ လက်မ၊ ပြီးတော့ အပေါ်မှာ ဖိနပ်နဲ့ ၆ လက်မ ထု လောင်းတယ်။
- ဒီဇင်ဘာ ၂၃ မှာ တိုင်ခြောက်တိုင်ကို ၅ပေ လောက်အထိ လောင်းပြီးသွားပြီ။ သဲဈေးတွေ သုံးကျင်းကို ၈သောင်းဝန်းကျင်လောက် ရှိနေတယ်။
Saturday, December 10, 2011
ဓမ္မပါရဂူတံတား မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment