(ဘ၀ခရီးလျှောက်လှမ်းရာဝယ် ပတ်ဝန်းကျင်၏ဂရုစိုက်ပေးမှုတွေကြောင့် သာယာလွင့်မျော ကျေနပ်နှစ်သက်နေခြင်းများ၊ ပတ်ဝန်းကျင်၏ ဂရုမစိုက် ပေးမှုတွေကြောင့် နာကျင်ခံစား မကျေမနပ်ဖြစ်နေခြင်များ ရံဖန်ရံခါ ဖြစ်နေတတ်ပါတယ်။
သာယာလွင့်မျော ကျေနပ်နှစ်သက်နေသည်က အစွန်းတစ်ဖက်၊....နာကျင်ခံစား မကျေမနပ် ဖြစ်နေသည်ကလည်း အစွန်းတစ်ဖက်ဖြစ်နေတာမို့လို့ ...ကိုယ့်လမ်းခရီး ကိုယ်လျှောက်နေရာဝယ် အစွန်းနှစ်ဖက်သို့ မချဉ်းမကပ်ဘဲ မှန်သောလမ်း ဖြစ်ရင် မှန်မှန်သာ လျှောက်ကြပါစို့။)
ဦးထေရာသဘ

(၁)
- ကိုယ့်အတွက်...ဟု ၊
- ဂရုစိုက်ပေးတာကို ၊
- ဂရုစိုက်..နေပါနဲ့ ။
- သစ္စာလမ်းစဉ် ၊
- ဥာဏ်နဲ့..ယှဉ်ထောက် ၊
- လျှောက်စရာ မှန်ရင် ၊
- မှန်မှန်..လျှောက်...။
(၂)
- ကိုယ့်အတွက်...ဟု ၊
- ဂရုမစိုက်ပေးတာကို ၊
- ဂရုစိုက်..နေပါနဲ့ ။
- သစ္စာလမ်းစဉ် ၊
- ဥာဏ်နဲ့ယှဉ်ထောက်၊
- လျှောက်စရာ မှန်ရင် ၊
- မှန်မှန်..လျှောက်...။
(၃)
- ကိုယ့်လမ်း..ကိုယ်လျှောက် ၊
- လမ်း..မကောက်ဖို့ ၊
- ပင့်ထောက်..သမာဓိ ၊
- သတိနဲ့...လှမ်း ၊
- ဥာဏ်ခြုံ လွှမ်းလျက် ၊
- စိတ်ကြမ်း..မာန်ခွါ ၊
- အားမာန်..ဖြည့်တင်း ၊
- လျှောက်စေ..မင်း ။
ဦးထေရာသဘ
No comments:
Post a Comment