Sunday, November 20, 2011

တယ်လီဖုန်း လှူဒါန်းခြင်း

      ဓမ္မပါရဂူကျောင်းတိုက်တွင် ဆက်သွယ်ရေးကိစ္စ အဆင်ပြေစေနိုင်ရေးအတွက် GSM တယ်လီဖုန်း တစ်လုံးကို အထိုင်နှင့်တကွ လှူဒါန်းမှုကို ယမန်နေ့ နေ့လည်ပိုင်းက လသာမြို့နယ်၊ ၁၆ လမ်းနေ ရဟန်းဒါယကာမကြီး ဒေါ်မွှေ့ နေအိမ်၌ ကျင်းပခဲ့ပါသည်။


       တယ်လီဖုန်းနံပါတ်မှာ ၀၉-၄၃၁၇၉၀၃၃ ဖြစ်ပြီး စုစုပေါင်း ကာလတန်ဖိုး ငါးသိန်းခွဲခန့် ဖြစ်သည်။ ထိုအလှူကို ကွယ်လွန်သူ ဦးလှမြင့်အားရည်စူး၍ ရဟန်းဒါယကာ၊ ကျောင်းဒါယကာမကြီး ဒေါ်မွှေ့နှင့် သားသမီးမြေးမြစ် တစ်စုတို့က လှူဒါန်းကြခြင်းဖြစ်သည်။ ထိုအလှူပွဲ၌ ကွယ်လွန်သူ ဦးစိုးမြင့်အားရည်စူး၍ ဒေါ်ယဉ်ယဉ် သမီး မယဉ်မင်းဦးတို့က ဓမ္မပါရဂူကျောင်းတိုက် စံကျောင်းဆောင်ဘုရားခန်းအလှူတော်အဖြစ် (၅) သိန်းကို ကပ္ပိယ ကာရကထံအပ်နှံလျက် လှူဒါန်းခဲ့ကြပါသည်။

No comments:

Post a Comment