မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ တိလောကရပ်ကွက်အတွင်း၌ တည်ရှိသော ဓမ္မပါရဂူကျောင်းတိုက်တွင် ပုရိမ၀ါမှ ထတော်မူကြကုန်သော သံဃာတော်တို့အား မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ၂၀၁၁-ခုနှစ်၊ နိုဝင်ဘာလ ၅-ရက်၊ (၁၃၇၃-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀-ရက်) စနေနေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
မဟာကထိန်လှူဒါန်းပွဲသို့ ပင့်သံဃာတော် (၁၄)ပါးတို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန၊ ပါမောက္ခဌာနမှူး ဆရာတော် ဘဒ္ဒန္တသုမန အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာတရားကို နာကြားခဲ့ပါသည်။
ကထိန်ပွဲကိုအကြောင်းပြု၍ ဦးသိန်းဆောင်+ဒေါ်ထွေးတင် သမီး မသိန်းသိန်းမြင့် မိသားစုက ဧည့်ပရိသတ် ၃၀၀ ခန့််အား နေ့လည်စာဖြင့် တည်ခင်းပါသည်။ ဓမ္မာသနပလ္လင်အလှူရှင်၊ နေ့ဆွမ်းအလှူရှင်၊ ပဒေသာပင် အလှူရှင်၊ ကျောင်းအသုံးအဆောင်အလှူရှင်တို့ဖြင့် ထောက်ကြန့််ဒေသထုံးစံအတိုင်း စီစဉ်ကျင်းပခဲ့ကြ ပါသည်။ မဟာဘုံကထိန်ဖြစ်၍ ဓမ္မပါရဂူကျောင်းတိုက်နှင့် ဆက်စပ်နေသော ဒါယကာဒါယကာများ ညီညီ ညာညာစုပေါင်းဆောင်ရွက်ခဲ့ကြသည်ကို ၀မ်းမြောက်ဖွယ်ရာအဖြစ် မှတ်တမ်းတင်အပ်ပါသည်။
No comments:
Post a Comment