ဓမ္မပါရဂူကျောင်းတိုက်အတွင်းတွင် ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်းအစရှိသော ၀ိနည်းကံများ ပြုလုပ် ဆောင်ရွက်နိုင်ရန် ၅၄ပေ ပတ်လည်အတိုင်းအတာရှိသောမြေကို ၂၀၁၂-ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်နေ့တွင် သိမ်နုတ်ခြင်း၊ သိမ်သမုတ်ခြင်း ပြုလုပ်မည်ဖြစ်သည်။ သိမ်နုတ်ခြင်း၊ သိမ်သမုတ်ခြင်းကို ဇေယျရွှေမြေ FC ကပ္ပတိန် ကိုဇော်လင်းထွန်းနှင့် ဇနီး မသဉ္ဇာဝင်း(ပူစူး)၊ သား မောင်ကောင်းဇော်ဟိန်း မိသားစုတို့က ဦးဆောင်
တာဝန်ယူ ကုသိုလ်ပြုကြမည်ဖြစ်သည်။ သင်္ကန်းမှာ ကထိန်၊ ၀ိနည်းမှာ သိမ်- ဆိုသည့် ရှေးဆိုစကားအတိုင်း သာသနာ တွင် အလွန် တန်ဖိုးထားရမည့် သိမ်ဖြစ်မြောက်ရေးအတွက် မည်သူမဆို တတ်နိုင်သည့်ဖက်မှ ၀ိုင်းဝန်းကုသိုလ် ယူနိုင်ကြပါသည်။
No comments:
Post a Comment