Tuesday, November 22, 2011

အဋ္ဌကထာ ကျမ်းစာအုပ်များ လှူဒါန်းခြင်း

           မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တိလောကရပ်ကွက်အတွင်း တည်ထောင်ထားသော ဓမ္မပါရဂူ ကျောင်းတိုက်အတွင်း စာချစာသင်သံဃာတော်များနှင့် ဗုဒ္ဓစာပေကိုလေ့လာလိုသော သုတေသီများ ဖတ်ရှု နိုင်ရန်အတွက် ကွယ်လွန်သူ ဒေါ်အုန်းခင်၊ ဦးသိန်းကြီ အားရည်စူး၍ ဒေါ်အေးရီ မိသားစုများက လာရောက် လှူဒါန်းသွားကြပါသည်။ အဋ္ဌကထာ ကျမ်းစာအုပ်အရေအတွက် (၅၁)အုပ်နှင့် မျက်နှာဖုံးတွင် အလှူရှင်အမည်ထိုးပြီး ကာလတန်ဖိုး နှစ်သိန်းတစ်သောင်း ဖြစ်ကြောင်းသိရသည်။
      ကျောင်းတိုက်၌ ပိဋကတ်သုံးပုံ ပါဠိတော်တစ်စုံ၊ ပိဋကတ်သုံးပုံ ပါဠိတော်မြန်မာပြန်တစ်စုံ၊ အဋ္ဌကထာ တစ်စုံကို အလှူခံထားပြီးဖြစ်ရာ အခြားလိုအပ်သောကျမ်းစာအုပ်များဖြစ်သည့် ပါဠိအဘိဓာန်၊ ဗုဒ္ဓ၀င်၊ ဒီပနီ၊ နိဿယ စသော အထွေထွေကျမ်းများကို အောက်ပါလိပ်စာအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

ဓမ္မပါရဂူကျောင်းတိုက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်။ ဖုန်း ၀၉-၄၃၁၇၉၀၃၃
ဦးထေရာသဘ ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်    ဖုန်း ၀၉-၈၅၉၈၂၇၃

No comments:

Post a Comment