Friday, November 25, 2011

ဓမ္မပါရဂူတံတား ဆောက်လုပ်လှူဒါန်းမည်

          ပြည်လမ်း(ထောက်ကြန့်စစ်သချို င်္င်းရှေ့)မှ ဓမ္မပါရဂူကျောင်းတိုက်သို့ ၀င်ရောက်ရာလမ်း အရှည်မှာ ပေ ၁၅၀၀ ခန့် ရှိသည်။ ထိုလမ်း၏ ပေ ၁၀၀၀ လောက်တွင်(ကျောင်းတိုက်သို့ မရောက်မီ ပေ၄၀၀ ခန့်တွင်) ပေ၅၀ခန့်  ကျယ်သော လျိုတစ်ခု ရှိသည်။ ထိုလျို ရှိနေသဖြင့် ကျောင်းတိုက်အတွင်းသို့ ကားဖြင့် ၀င်ရောက်ရာတွင် ကျောင်းဘေးရှိ အခြားခြံများတွင်းမှ ကွေ့ပတ်၍ ၀င်ရောက်ရပါသည်။ ထိုအခက်အခဲကို ပြေလည်စေရန် အလို့ငှာ ကွယ်လွန်သူ ရဟန်းဒါယကာကြီး ဦးသိန်းဆောင် အားရည်စူး၍ ရဟန်းဒါယိကာမကြီး ဒေါ်ထွေးတင် သမီး မသိန်းသိန်းမြင့် မိသားစုတို့က သစ္စာသိမြင် ဗောဓိဥာဏ်၏ အထောက်အပံ့ ဖြစ်စေရန်
ရည်သန်လျက် ဆောက်လုပ်လှူဒါန်းမည် ဖြစ်သည်။
         တံတားမှာ သံကူ ကွန်ဂရစ် အမျိုးအစားဖြစ်ပြီး အလျား ပေ ၄၀၊ အနံ ၉ ပေ အတိုင်းအတာ ရှိသည်။ ကာလတန်ဖိုးမှာ ကျပ် သိန်း ၈၀ ကျော် ခန့်မှန်းထားပြီး အဆိုပါ တံတားကို ဓမ္မပါရဂူတံတား ဟု အမည်တွင်စေမည် ဖြစ်သည်။ ကျောင်းတိုက်အတွက်သာမက အနီးပတ်ဝန်းကျင်ရှိ  ပြည်သူများအတွက်လည်း ချမ်းသာလွယ်ကူစေမည် ဖြစ်သဖြင့် ဓမ္မပါရဂူတံတား ဆောက်လုပ်လှူဒါန်းမှုကို ၀မ်းမြောက်ဖွယ်ရာ အဖြစ် ဖော်ပြအပ်ပါသည်။

No comments:

Post a Comment