Wednesday, May 30, 2012
Tuesday, May 29, 2012
ကျောင်းတိုက်အတွင်း သန့်စင်ခန်းများ ဆောက်လုပ်လှူဒါန်းဖို့ စီစဉ်
ဓမ္မပါရဂူကျောင်းတိုက်အတွင်း ဧည်သည်များ အာဂန္တုရဟန်းများ ကြွရောက်လာတဲ့အခါ အသုံးပြုနိုင်ရန် အခန်း ၄ ခန်းပါ သန့်စင်ခန်း ကို မေလ ၂၃ ရက်နေ့တွင် စတင်ဆောက်လုပ်နေပါပြီ။ ကျောင်းဒါယကာထက် သန့်စင်ခန်း ဒါယကာ ပြုလုပ်ချင် သူက ရှားပါးလှပေရာ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုသဖြင့် ယခုအခါ ကုဋီ ၃ ခန်း၊ ရေချိုးခန်း ကုဋီ(ဘိုထိုင်) တွဲ၍ ၁ ခန်း၊ စုစုပေါင်း ၄ခန်းကို ဘုရားကျောင်းရဟန်း ဒါယကာမကြီး ဒေါ်မွေ့ မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟများ စုပေါင်း ၍ ဆောက်လုပ်လှူဒါန်းကြပါမည်။ ခန့်မှန်း ကုန်ကျစရိတ် ၂၇ သိန်းခန့် ဖြစ်ပါသည်။ စေတနာရှင်များ ထပ်မံပေါ်လာပါ က နောက်ထပ် ကုဋီ ၃ ခန်း (တစ်ခန်းလျှင် ၄သိန်းခန့်)ကို ဆက်လက် ဆောက်လုပ်မည် ဖြစ်၍ စိတ်ပါဝင်စားသူ ပါရမီရှင်များ ဓမ္မပါရဂူကျောင်းတိုက်သို့ ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။
Friday, May 11, 2012
Thursday, May 10, 2012
Wednesday, May 9, 2012
Tuesday, May 8, 2012
ဓမ္မပါရဂူတံတား ဆောက်လုပ်လှူဒါန်းခြင်း
ဓမ္မပါရဂူကျောင်းတိုက်အ၀င်လမ်းတွင် ပေ၆၀ ခန့်ကျယ်သော လျိုမြောင်တစ်ခု ရှိရာ ထိုနေရာကို တံတားခင်း၍ ကုသိုလ်ယူမည့် အလှူရှင်မှာ ဦးသိန်းဆောင် + ဒေါ်ထွေးတင် သမီး မသိန်းသိန်းမြင့် မိသားစု ဖြစ်ပါတယ်။ တံတားမဆောက်မီ အခြေအနေနှင့် တံတားဆောက်လုပ်ပြီး အခြေအနေ နှစ်ခုကို အကျဉ်းဖော်ပြထားပါတယ်။ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပုံများကို ဓာတ်ပုံကဏ္ဍတွင် အကျယ်တ၀င့် ကြည့်ရှုနိုင်ပါတယ်။
တံတားဆောက်လုပ်ပြီးသည့် အခြေအနေ |
Monday, May 7, 2012
အညတရ ညောင်ရေသွန်းပွဲ
ဒီနှစ် ကဆုန်လပြည့်
ဗုဒ္ဓနေ့မှာ အညတရ ညောင်ရေသွန်းပွဲကို ထောက်ကြန့် ဓမ္မပါရဂူကျောင်းတိုက် အတွင်းမှာရှိတဲ့
ဗောဓိညောင်ပင်မှာ ရေသွန်းလောင်းခြင်းဖြင့် လူမသိသူမသိ ကျင်းပ ခဲ့ကြပါတယ်။ ဗုဒ္ဓဂယာ ညောင်မျိုးစေ့ကို ပျိုးပြီးစိုက်ထားတဲ့
ဒီဗောဓိပင်ဟာ မနှစ်က ကဆုန်လပြည့်နေ့မှာ စိုက်ခဲ့တာဆိုတော့ တစ်နှစ်သားပဲ ရှိပါသေးတယ်။
အနီးနားမှာရှိတဲ့ အိမ်တွေက ညနေပိုင်းမှာ လာလောင်းနေတာကို တွေ့ရတယ်။
မယ်တော်ကြီးဒေါ်ဘီနှင့် ရဟန်းဒါယကာမကြီး ဒေါ်သင်းသင်းဆွေ |
ဗုဒ္ဓပွင့်တော်မူခြင်း အထိမ်းအမှတ်နဲ့ ဗောဓိညောင်ပင်ကို ရေလောင်းပူဇော်ကြတာပါ။ ဗုဒ္ဓပွင့်တော်မူတာက ကဆုန်လပြည့်နေ့ပါ။ အဲဒီနေ့ဟာ ၀ိသာခါနက္ခတ်နဲ့ ယှဉ်ပါတယ်။ တကယ်တော့ ဖွားတော်မူတာလဲ ဒီ ၀ိသာခါ နက္ခတ် ပါပဲ။ ပရိနိဗ္ဗာန်စံတော့လဲ ဒီ ၀ိသာခါ နက္ခတ်ပါပဲ။ ဒါကြောင့် သီဟို၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ တို့မှာဆိုရင် Vesak Day (၀ိသာခါနက္ခတ်နဲ့ယှဉ်သော နေ့) ဆိုပြီး ဘုရားလောင်း မွေးနေ့ပွဲ ကျင်းပလေ့ရှိတယ်။
သိမ်ကျောင်း ပန္နက်ရိုက်စဉ်က ပုံရိပ်များ
သိမ်ပန္နက်နဲ့ သိမ်ကျောင်းပန္နက်က မတူပါဘူး။ သိမ်ပန္နက်ဆိုတာက သိမ်မြေရဲ့ နယ်ကိုသတ်မှတ်ထားရာ အတွင်းမှာ သိမ်နုတ်ဖို့ရာ အကွက်ချပြီး အဲဒီအကွက်အထဲမှာ ရိုက်ခြင်းဖြစ်တယ်။ ရှေးအစဉ်အလာအရ လုပ်တာဖြစ်လို့ ဒါကို အချို့က မလုပ်ကြ ပါဘူး။ မလုပ်ဘဲနဲ့ နုတ်တယ်ဆိုဆိုရင် ကိစ္စမရှိပါဘူး။ မိမိစိတ်ထဲက သန့်ရင်ပြီးတာပါပဲ။
သိမ်ကျောင်းပန္နက်ဆိုတာက အဲဒီသိမ်နုတ်သိမ်သမုတ်ပြီးတဲ့ မြေပေါ်မှာ ကျောင်းဆာက်လုပ်ဖို့ အတွက် အင်ဂျင်နီယာ ပုံပါအတိုင်း သမရိုးကျ ပန္နက်ရိုက်ခြင်း ဖြစ်ပါတယ်။ အခုရိုက်တာက သိမ်ကျောင်းဆောက်ဖို့ အဆောက်အဦပုံပါအတိုင်း ပန္နက်ရိုက်တာပါ။

သိမ်ကျောင်းဆောက်ဖို့ ပန္နက်ကို ရိုက်တာပါ။ |
ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် အုတ်မြစ်ချပြီ
ဓမ္မရတနာဇေယျာရွှေမြေသိမ်တော် စတင်ဆောက်လုပ်ရန်အတွက် ဆရာတော်နှင့် အလှူရှင် မိသားစုများက အုတ်မြစ်ချပွဲကို ၂၀၁၂ ခုနှစ် မတ်လ ၄ ရက်၊ တနင်္ဂနွေနေ့၊ မနက် ၉ နာရီ ၉မိနစ်အချိန်တွင် ပြုလုပ်ခဲ့ပါတယ်။
သိမ်ကျောင်းဆောင်အတွက် ကိုဇော်လင်းထွန်း(ဇေယျာရွှေမြေ ကပ္ပတိန်)+မပူစူး မိသားစုနဲ့ ဒေါက်တာ ဦးသောင်းလှိုင်+မမီမီကျော် မိသားစုတို့က ကုန်ကျစရိတ်ထက်ဝက်စီ တာဝန်ယူ၍ ကုသိုလ်ယူကြမယ်။ ဆောက်လုပ်ရေးလုပ်ငန်းကို Original Group မှ နည်းပညာဆိုင်ရာအတွက် ကုသိုလ်ယူကြမှာဖြစ်ပါတယ်။

မင်္ဂလာရွှေအုတ်၊ငွေအုတ်၊ပတ္တမြားအုတ်
|
Sunday, May 6, 2012
ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် ကျောက်နိမိတ်တိုင်များ စိုက်ထူပြီးစီး
ဓမ္မရတနာ ဇေယျာရွှေမြေသိမ်ကျောင်း ကျောက်နိမိတ်တိုင်များကို ဆရာတော်နှင့် သိမ်ကျောင်း အလှူရှင်များ၊ တပည့်ဒါယကာဒါယကမများက စုပေါင်းအားဖြင့် စိုက်ထူပူဇော်လိုက်ပြီ ဖြစ်ပါတယ်။ ထိုနေ့က သိမ်ကျောင်းအလှူရှင် ကိုဇော်လင်းထွန်း၊မပူစူး၊သား ကောင်းဇော်ဟိန်းမိသားစု။ ဒေါက်တာ ဦးသောင်းလှိုင်၊ မမီမီကျော်မိသားစု၊ ဆရာတော်၏ မယ်တော်နှင့် ရဟန်းဒါယကာဒါယကာများ ကျောင်းအကျိုးဆောင်များ ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြပါတယ်။
သိမ်နိမိတ်စိုက်ထူအပြီး စုပေါင်းအမှတ်တရ |
ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် သိမ်ပန္နက်ကျောက်တိုင်များ စိုက်ထူ
ဓမ္မပါရဂူကျောင်းတိုက်ဆရာတော် ဦးထေရာသဘ |
Saturday, May 5, 2012
ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် သိမ်သမုတ်ပြီ
သိမ်သမုတ်ခြင်းကို ည ၁၀နာရီတွင် စတင်ပြုလုပ်ဆောင်ရွက်ပါသည်။ နှင်းကလေးတွေ တဖွဲဖွဲကျနေလို့ အအေးဓာတ်က စိုးမိုးနေပါသည်။ လှော်ကားဥယျာဉ်ဘက်မှ တောသံလေးများလည်း ကြားနေရတတ်ပါ သည်။ နှင်းကျနေတဲ့ လရောင်အောက်မှာမို့ မှတ်တမ်းတင်သူများအား အခက်အခဲရှိခဲ့သည်။ မှန်ဘီလူးကို နှင်းပွင့်ကလေးများ လာထိနေလို့ ဓာတ်ပုံများကို သည်းခံ၍ ကြည့်ရှုပေးပါ။ သိမ်သမုတ်ခြင်းကိစ္စ ည၁၁ နာရီ ကျော်တွင် ပြီးစီးသွားပါသည်။
ဒေါ်မွေ့မိသားစု သိမ်ဆင်းလောင်းစဉ် |
ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် စုပေါင်းပန္နက်ရိုက်ခြင်း
အချိန်က ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် (ညနေခင်း)
သိမ်မနုတ်ခင် နေ့လည် သုံးနာရီလောက်မှာ သိမ်အလှူရှင်များနဲ့ ဧည့်ပရိသတ်တို့က ကျန်နေသေးတဲ့ သိမ်ပန္နက်များကို ရိုက်ကြပါတယ်။ မရိုက်ဖူးသူများလည်း ရိုက်ဖူးသွားတာပေါ့။ ရိုက်ဖူးတဲ့သူက ရှားရှားပါးပါးပါ။ အချို့က ကိုယ့်မွေးနံနဲ့ ကိုက်ညီတဲ့ သစ်သားကို ရိုက်ကြတယ်။ အများစုက ၀ါးနဲ့ပါပဲ။

သိမ်ဒါယကာ ဒေါက်တာ ဦးသောင်းလှိုင် နှင့် ဇနီး မမီမီကျော် |
ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် သိမ်နုတ်ရန် စီစဉ်ပြီ
အချိန်က ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ညနေခင်း
သိမ်ဆိုတာ သမုတ်ဖို့အတွက် ဦးစွာ သိမ်ကိုနုတ်ရတယ်။ ယခင်က အောက်မှာ သိမ်ဟောင်းသိမ်ပျက်တွေ ရှိချင် ရှိနေမှာမို့ပါ။ အဲဒီလိုရှိနေရင် အောက်မှာ ရှိနေတဲ့သိမ်ဟောင်းကို ကမ္မ၀ါစာရွတ်ဖတ်ပြီး ပြန်နုတ်ရတယ်။ သိမ်ကိုနုတ်တဲ့အခါမှာလည်း ခြောက်ပေxသုံးပေ အကွက်ငယ်လေးတွေကို ဖော်ပြီးနဲ့ စနစ်တကျ နုတ်ရ ပါတယ်။ ရဟန်းတစ်ပါး တစ်ခါနုတ်ရင် သုံးပေပတ်လည် တစ်ကွက်ပဲ ပြီးပါတယ်။ ဒါကြောင့် ရဟန်းများလေ မြန်မြန်ပြီးလေပါပဲ။
ဝိနည်းမှာ သိမ်ဆိုတာ ကြားဖူးမှာပါ။ လှူတဲ့သူတွေ အကျိုးကြီးသလို ၀ိနည်းလမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့က လေးနက်ခက်ခဲပါတယ်။ ဒါကြောင့် သိမ်နုတ်သိမ်သမုတ်ရာမှာ သိမ်အောင်မြင်နိုင်ဖို့အတွက် အတွေ့အကြုံရှိတဲ့ ဆရာတော်များထံချဉ်းကပ်ပြီး ချီးမြှောက်ပေးဖို့ လျှောက်ထားရပါတယ်။ ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော်ကိုတော့ သိမ်နုတ်သိမ်သမုတ်ရာမှာ အတွေ့အကြုံရင့်ကျက်တဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ရဲ့ ဒုတိယပါမောက္ခချုပ်(စီမံ)ဆရာတော် ဘဒ္ဒန္တ ကုမာရ မထေရ်အထံမှာ အပ်နှံထားပါတယ်။

ဦးမာဃ၀ နဲ့ ဆရာတော်ဦးကုမာရ |
ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် မြေသန့်မင်္ဂလာ
ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော်ကို သိမ်နုတ်ခြင်း၊ သိမ်သမုတ်ခြင်း မပြုလုပ်မီ မြေသန့်မင်္ဂလာ ဆောင်ရွက်လိုသော အလှူရှင် ကိုဇော်လင်းထွန်း+မသဉ္စာဝင်း(ပူစူး)တို့က ရွှေလင်းယုန်ဆရာတော်ကြီးကို ပင့်ဆောင်ထားပါသည်။ အရုဏ်ဆွမ်းဆက်ကပ်ပြီး ထောက်ကြန့် ဓမ္မပါရဂူကျောင်းတိုက်သို့ ပင့်ဆောင်ပြီး အန္တရာယ်ကင်းပရိတ် နာယူကြပါသည်။ နေဆွမ်းကို မြောက်ဥက္ကလာပနေအိမ်တွင် ဆက်ကပ်ကြပါသည်။
ရွှေလင်းယုန်ဆရာတော်ကြီးအား အရုဏ်ဆွမ်းဆက်ကပ်တယ် |
Friday, May 4, 2012
ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း အုတ်မြစ်ချပြီ
ဦတေဇ၀န္တ(တရုတ်ပိန်)က ရွှေအုတ်ချပေးတယ် |
ဇယန္တော ဗောဓိယာမူလေ အောင်ပါစေကြောင်း ဆုမွန်တောင်း |
Subscribe to:
Posts (Atom)