Saturday, May 5, 2012

ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် သိမ်နုတ်ရန် စီစဉ်ပြီ

အချိန်က ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ညနေခင်း

သိမ်ဆိုတာ သမုတ်ဖို့အတွက် ဦးစွာ သိမ်ကိုနုတ်ရတယ်။ ယခင်က အောက်မှာ သိမ်ဟောင်းသိမ်ပျက်တွေ ရှိချင် ရှိနေမှာမို့ပါ။ အဲဒီလိုရှိနေရင် အောက်မှာ ရှိနေတဲ့သိမ်ဟောင်းကို ကမ္မ၀ါစာရွတ်ဖတ်ပြီး ပြန်နုတ်ရတယ်။  သိမ်ကိုနုတ်တဲ့အခါမှာလည်း ခြောက်ပေxသုံးပေ အကွက်ငယ်လေးတွေကို ဖော်ပြီးနဲ့ စနစ်တကျ  နုတ်ရ ပါတယ်။ ရဟန်းတစ်ပါး တစ်ခါနုတ်ရင် သုံးပေပတ်လည် တစ်ကွက်ပဲ ပြီးပါတယ်။ ဒါကြောင့် ရဟန်းများလေ  မြန်မြန်ပြီးလေပါပဲ။
ဝိနည်းမှာ သိမ်ဆိုတာ ကြားဖူးမှာပါ။ လှူတဲ့သူတွေ အကျိုးကြီးသလို ၀ိနည်းလမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့က လေးနက်ခက်ခဲပါတယ်။ ဒါကြောင့် သိမ်နုတ်သိမ်သမုတ်ရာမှာ  သိမ်အောင်မြင်နိုင်ဖို့အတွက် အတွေ့အကြုံရှိတဲ့ ဆရာတော်များထံချဉ်းကပ်ပြီး ချီးမြှောက်ပေးဖို့ လျှောက်ထားရပါတယ်။ ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော်ကိုတော့ သိမ်နုတ်သိမ်သမုတ်ရာမှာ အတွေ့အကြုံရင့်ကျက်တဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ရဲ့ ဒုတိယပါမောက္ခချုပ်(စီမံ)ဆရာတော် ဘဒ္ဒန္တ ကုမာရ မထေရ်အထံမှာ အပ်နှံထားပါတယ်။

ဦးမာဃ၀ နဲ့ ဆရာတော်ဦးကုမာရ



ခြောက်ပေxသုံးပေ အကွက်ဖော်ရတယ်

ပြီးရင် ထုံးကွက်ဖော်ရတယ်

ငါးဆယ်လေးပေ ပတ်လည်ကျယ်တယ်

တစ်ကွက်ကို နှစ်ပါးစာပေါ့

ကိုမြင့်သိန်းနဲ့ ကိုထွန်းဝင်း

ယခု စီမံထားတာက အုတ်ကွက်ဖော်နည်းပါ။
အကွက်မှားရင် ပြန်ဖျက် ပြန်လုပ်

အားလုံးပြီးမှ အလယ်ပန္နက် ရိုက်ပါတယ်

အုတ်ကွက် ထောင့်စွန်းတိုင်းမှာ သိမ်ပန္နက်တိုင်လေးတွေ ရိုက်ထည့်ရတယ်

မသိန်းသိန်းမြင့်တို့ တူဝရီး

သိမ်ပန္နက်က ပယောဂ ကောင်းတယ်လို့ အယူရှိကြတယ်။

ဆရာတော်က တစ်ရက်ကြိုတင်ပြီး လုပ်ထားတာပါ။

ရဟန်းဒါယကာမကြီး ဒေါ်သင်းသင်းဆွေ

မသိန်းသိန်းမြင့်၊ဒေါ်သင်းသင်းဆွေ၊ဒေါ်ထွန်း


No comments:

Post a Comment