Sunday, May 6, 2012

ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် ကျောက်နိမိတ်တိုင်များ စိုက်ထူပြီးစီး


ဓမ္မရတနာ ဇေယျာရွှေမြေသိမ်ကျောင်း ကျောက်နိမိတ်တိုင်များကို ဆရာတော်နှင့် သိမ်ကျောင်း အလှူရှင်များ၊ တပည့်ဒါယကာဒါယကမများက စုပေါင်းအားဖြင့် စိုက်ထူပူဇော်လိုက်ပြီ ဖြစ်ပါတယ်။ ထိုနေ့က သိမ်ကျောင်းအလှူရှင် ကိုဇော်လင်းထွန်း၊မပူစူး၊သား ကောင်းဇော်ဟိန်းမိသားစု။ ဒေါက်တာ ဦးသောင်းလှိုင်၊ မမီမီကျော်မိသားစု၊ ဆရာတော်၏ မယ်တော်နှင့် ရဟန်းဒါယကာဒါယကာများ ကျောင်းအကျိုးဆောင်များ ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြပါတယ်။

သိမ်နိမိတ်စိုက်ထူအပြီး စုပေါင်းအမှတ်တရ



သိမ်ကျောင်း ကျောက်နိမိတ်တိုင်များ
သိမ်ဒါယကာ ဒေါက်တာဦးသောင်းလှိုင် စိုက်ထူပူဇော်စဉ်
အောင်ပါစေကြောင်း ဆုမွန်တောင်းလျက်
ကြီးလတ်ငယ်သူ ၀ိုင်းလို့ထူ တူညီလက်တွဲ ကုသိုလ်ပွဲ
တောင်ငူက မလွင် အဒေါ်
ဒေါ်သင်းသင်းဆွေ၊ဘုတ်ဘုတ်၊မမီမီကျော်၊မခိုင်
မမြင်ဖူးသူ လူငယ်များက စိတ်ဝင်စားကြပါတယ်
ကောင်းဇော်ဟိန်းနှင့် ဒေါက်တာဦးသောင်းလှိုင်
မယိမ်းမယိုင် ကျောက်တိုင်ပမာ ဖြစ်ရအောင်
ဦးစိုးမြင့်ဇနီး
သာသနာ့အောင်လံ အောက်မှာ
သိမ်နိမိတ် ကျောက်တိုင်များ
ပျော်ရွှင်ကြည်နူး ကုသိုလ်ထူး ဆည်းပူးခဲ့ကြတယ်

အမှတ်တရ စိုက်ထူကြ
သိမ်ဆိုတာ ရဟန်းတို့ရဲ့ မိခင်ပါ။
ကုသိုလ်နဲ့ပျော် သာဓုခေါ် သူတော်သူမြတ်ထုံး
ဝိုင်းကြ၀န်းကြ ပြုစုကြ ဒါမှအကောင်းဆုံး

နိဗ္ဗာန်ဆုမျှော် တောင်းဆုတော် ရှင်တော်အကြိုက်ဆုံး

ကုသိုလ်ရိက္ခာ စုဆောင်းတာ နောင်ခါချမ်းသာမဆုံး
သိမ်ကျောင်းဒါယကာမ မမီမီကျော် ဆုတောင်းမေတ္တာ ပို့သစဉ်
မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ

ကုသိုလ်မင်္ဂလာ စုပေါင်းကာ ပြုရာပုံရိပ်များ
ပူဇော်မှုအမှတ်တရ ပစ္စည်းများ

ပူဇော်မှု ကုသိုလ်အမှတ်တရ ကျောက်နှင့်ငွေအကြွေများ

No comments:

Post a Comment