ဓမ္မပါရဂူကျောင်းတိုက်အတွင်း ဧည်သည်များ အာဂန္တုရဟန်းများ ကြွရောက်လာတဲ့အခါ အသုံးပြုနိုင်ရန် အခန်း ၄ ခန်းပါ သန့်စင်ခန်း ကို မေလ ၂၃ ရက်နေ့တွင် စတင်ဆောက်လုပ်နေပါပြီ။ ကျောင်းဒါယကာထက် သန့်စင်ခန်း ဒါယကာ ပြုလုပ်ချင် သူက ရှားပါးလှပေရာ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုသဖြင့် ယခုအခါ ကုဋီ ၃ ခန်း၊ ရေချိုးခန်း ကုဋီ(ဘိုထိုင်) တွဲ၍ ၁ ခန်း၊ စုစုပေါင်း ၄ခန်းကို ဘုရားကျောင်းရဟန်း ဒါယကာမကြီး ဒေါ်မွေ့ မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟများ စုပေါင်း ၍ ဆောက်လုပ်လှူဒါန်းကြပါမည်။ ခန့်မှန်း ကုန်ကျစရိတ် ၂၇ သိန်းခန့် ဖြစ်ပါသည်။ စေတနာရှင်များ ထပ်မံပေါ်လာပါ က နောက်ထပ် ကုဋီ ၃ ခန်း (တစ်ခန်းလျှင် ၄သိန်းခန့်)ကို ဆက်လက် ဆောက်လုပ်မည် ဖြစ်၍ စိတ်ပါဝင်စားသူ ပါရမီရှင်များ ဓမ္မပါရဂူကျောင်းတိုက်သို့ ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။
No comments:
Post a Comment