၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ဟာ မြန်မာတို့ရဲ့သင်္ကြန်အကျနေ့ဖြစ်ပါတယ်။ အဲဒီနေ့မနက်ပိုင်းက ထောက်ကြန့်ဓမ္မပါရဂူကျောင်းတိုက်မှာ မုန့်လုံးရေပေါ် ကျွေးပါတယ်။
အလှူရှင်က ကမ္ဘာအေး၊ အိမ်ရှင်မစတိုးက မလွင် ပါ။
ကောက်ညင်းနဲ့ ဆန်ကို သုံးချိုးတစ်ချိုးစပ်ပြီး မုန့်ကြိတ်နဲ့ ကြိတ်၊ ပြီးရင် ရေစစ်ထား၊ ရရှိလာတဲ့မုန့်နှစ်ကို အထဲမှာ ထန်းညက်ခဲထည့်ပြီး လုံး၊ ပြီးတော့ ဆူနေတဲ့ ရေနွေးပူပူထဲကို ပစ်ထည့်လိုက် ရတယ်။ ရေနွေးအရှိန်ကြောင့် မုန့်ကျက်သွားရင် အပေါ်ကို ပေါ်လာတယ်။ ဒါဆိုရင် မုန့်လုံးရေပေါ် ဖြစ်ပြီပေါ့။
တချို့က နှစ်သစ်ကို အကူးမှာ ကျနေတာတွေ တက်လာအောင်ဆိုပြီး မုန့်လုံးရေပေါ် ကျွေးကြလေရဲ့။
ဆင်းရဲချမ်းသာမရွေး၊ လူကြီးလူငယ်မရွေး မုန့်လုံးရေပေါ်ကို ကြိုက်နှစ်သက်ကြတယ်။ ၀မ်းလည်း ၀စေတယ်။ အပျော်အပါးလည်း ဖြစ်စေတတ်တယ်။ ကျွေးတဲ့သူလည်း ကုသိုလ် ရတယ်။ စားတဲ့သူလည်း ဗိုက်ဝတယ်။ လူတိုင်းလည်း မိတ်ဖြစ်ဆွေဖြစ် အလွယ်တကူ ပါဝင်ဆောင်ရွက်ပေးနိုင်တယ်။

အချို့လူတွေကတော့
မြုတ်နေတဲ့ကုသိုလ်ကံတွေ ပေါ်လာအောင် မုန့်လုံးရေပေါ်လုပ်ပြီး ပေါ်လာအောင် လုပ်ကြတယ်လို့လည်း
ဆိုတယ်။
ပုထုဇဉ်တွေဆိုတော့ အပေါ်တက်လာခြင်း၊
ပေါ်ထွန်းလာခြင်းကို ကိုယ့်အစွဲအလမ်းနဲ့ကိုယ် ယူဆပြီး လုပ်တတ်ကြတာပါ။
စားတဲ့သူတွေကလည်း
မုန့်လုံးရေပေါ်စားရင် ကျနေတဲ့ကံတွေ တက်လာမယ်။ မြုတ်နေတဲ့ကံတွေ ပေါ်လာမယ်..လို့ အဲဒီလို အစွဲအလမ်းမျိုးနဲ့ စားသူတွေလည်း ရှိနေတယ်။ ခလေးတွေကတော့ လွတ်လွတ်ကင်းကင်းမို့ ကျွေးရင်စားလိုက်တာပဲ။
ဘာအစွဲအလမ်းမှ မရှိဘူး။
ဘာပဲပြောပြော
သင်္ကြန်နဲ့ မုန့်လုံးရေပေါ်ဆိုတာက ခွဲခြားလို့ မရကောင်းတဲ့ မြန်မာ့ပုံရိပ်တစ်ခုဆိုတာကတော့ ငြင်းစရာမရှိပါဘူး။
တကယ်စဉ်းစားလိုက်ရင်
မုန့်လုံးရေပေါ်က စုပေါင်းအားနဲ့ လုပ်ရတဲ့ စားသောက်ဖွယ်ရာဖြစ်တယ်လေ။
လုံးတဲ့သူက
လုံး၊ ဆယ်တဲ့သူက ဆယ်။ ကျွေးတဲ့သူက ကျွေး ပေါ့။ စုပေါင်းလုပ်အားလိုအပ်တယ်။ တစ်နည်းအားဖြင့် ပူးပေါင်းကူညီပေးမယ့် မိတ်ဆွေအပေါင်းအသင်း ရှိရတယ်။ အမျိုးသား အမျိုးသမီး စုံလင်ဖို့လည်း လိုတယ်။
အုန်းသီးမှုန့်
ထည့်စားလိုသူတွေအတွက် အဆင်ပြေအောင် အုန်းပင်တက်သူကတက် ၊ အုန်းခြစ်နဲ့ ခြစ်တဲ့သူက ခြစ်ပြီး အဆင်သင့်လုပ်ထားရတယ်။ မုန်လုံးရေပေါ်လုံးသူထဲမှာ အပျော်အပါး
ဖြစ်စေချင်သူတွေကတော့ ငရုပ်သီးစိမ်းကို ထန်းညက်အစားထိုး ထည့်ပေးတတ်ကြတယ်။
ဆင်းရဲချမ်းသာမရွေး၊ လူကြီးလူငယ်မရွေး မုန့်လုံးရေပေါ်ကို ကြိုက်နှစ်သက်ကြတယ်။ ၀မ်းလည်း ၀စေတယ်။ အပျော်အပါးလည်း ဖြစ်စေတတ်တယ်။ ကျွေးတဲ့သူလည်း ကုသိုလ် ရတယ်။ စားတဲ့သူလည်း ဗိုက်ဝတယ်။ လူတိုင်းလည်း မိတ်ဖြစ်ဆွေဖြစ် အလွယ်တကူ ပါဝင်ဆောင်ရွက်ပေးနိုင်တယ်။
ဒီလိုကြောင့်ပဲ မုန့်လုံးရေပေါ်နဲ့ ဆက်စပ်ပြီး ကြည်နူးစိတ်တွေ ဖြစ်၊ ပျော်ရွှင်စရာတွေ
ဖြစ်၊ စိတ်ညစ်တာတွေ ပျောက်၊ မိတ်ဆွေသစ်တွေ တိုးလာလို့ မြုတ်နေတဲ့ ကိုယ့်ရဲ့စိတ်စွမ်းအားတွေ
ပေါ်ထွက်လာနိုင်တယ်။ ငုပ်နေတဲ့ ကိုယ့်ရဲ့အစွမ်းအစတွေ ပေါ်ထွန်းလာတယ်.၊ မှေးမှိန်နေတဲ့
ကိုယ့်ရဲ့မျှော်လင့်ချက်တွေ တဖန်လင်းလက်လာတယ်..လို့ ထင်မိပါတယ်။
ဒီအထင်သာ မှန်ခဲ့မယ်ဆိုရင် မုန့်လုံးရေပေါ်နဲ့ အတာသင်္ကြန်ပူးတွဲပြီး မြန်မာ့စိတ်ရင်းတစ်ခုကို ထုတ်ယူနိုင်ပါတယ်။
စကားကြီးစကားကျယ်ပြောရရင်တော့ မုန့်လုံးရေပေါ်ကပေးသောမြန်မာ့အတွေးအမြင်အစဉ်အလာတစ်ခု ထွက်ပေါ်လာနိုင်ကြောင်းပါ။...

No comments:
Post a Comment