သိမ်ပန္နက်နဲ့ သိမ်ကျောင်းပန္နက်က မတူပါဘူး။ သိမ်ပန္နက်ဆိုတာက သိမ်မြေရဲ့ နယ်ကိုသတ်မှတ်ထားရာ အတွင်းမှာ သိမ်နုတ်ဖို့ရာ အကွက်ချပြီး အဲဒီအကွက်အထဲမှာ ရိုက်ခြင်းဖြစ်တယ်။ ရှေးအစဉ်အလာအရ လုပ်တာဖြစ်လို့ ဒါကို အချို့က မလုပ်ကြ ပါဘူး။ မလုပ်ဘဲနဲ့ နုတ်တယ်ဆိုဆိုရင် ကိစ္စမရှိပါဘူး။ မိမိစိတ်ထဲက သန့်ရင်ပြီးတာပါပဲ။
သိမ်ကျောင်းပန္နက်ဆိုတာက အဲဒီသိမ်နုတ်သိမ်သမုတ်ပြီးတဲ့ မြေပေါ်မှာ ကျောင်းဆာက်လုပ်ဖို့ အတွက် အင်ဂျင်နီယာ ပုံပါအတိုင်း သမရိုးကျ ပန္နက်ရိုက်ခြင်း ဖြစ်ပါတယ်။ အခုရိုက်တာက သိမ်ကျောင်းဆောက်ဖို့ အဆောက်အဦပုံပါအတိုင်း ပန္နက်ရိုက်တာပါ။
သိမ်ကျောင်းပန္နက်ဆိုတာက အဲဒီသိမ်နုတ်သိမ်သမုတ်ပြီးတဲ့ မြေပေါ်မှာ ကျောင်းဆာက်လုပ်ဖို့ အတွက် အင်ဂျင်နီယာ ပုံပါအတိုင်း သမရိုးကျ ပန္နက်ရိုက်ခြင်း ဖြစ်ပါတယ်။ အခုရိုက်တာက သိမ်ကျောင်းဆောက်ဖို့ အဆောက်အဦပုံပါအတိုင်း ပန္နက်ရိုက်တာပါ။
| သိမ်ကျောင်းဆောက်ဖို့ ပန္နက်ကို ရိုက်တာပါ။ |
| သိမ်ကျောင်းအမများ မမီမီကျော်နှင့်ပူစူး |
| သိမ်ကျောင်းဒကာများ ဦးသောင်းလှိုင်နဲ့ဇော်လင်းထွန်း |
| အဆောက်အဦက ပေ ၃၀ ပတ်လည်၊ နှစ်ထပ် ပါ |
| ရာသီဥတုက သာသာယာယာ |
| အောင်သပြေပန်း၊ ဇီးခက်၊ သီဟိုရွက် |
| အောင် .. ပါတဲ့သူ ၀ိုင်းလို့ကူ |
| ဦးအောင်စိုးရီ၊ ဦးအောင်စိုး၊ ဦးကြည်အောင် |
| အားလုံးက ကိုယ်ကျွမ်းကျင်ရာ လုပ်နိုင်ပါတယ် |
| ဆောင်းလေကြောင့် အပူသက်သာတယ် |
| ငပိန် ဘာတွေကြည့်နေလဲ မသိဘူး..D |
| ၀င်းဝင်းရေ သေချာလုပ်.... |
| အောင်ပါစေလို့ မေတ္တာပို့ တောင်းစို့ညီပျော်ပျော် |
| စရွေး မမှားစေနဲ့ ကလေးကလား မဟုတ်ဘူး |
| စုပေါင်းညီညွတ် သံသရာဝဋ် ကျွတ်လွတ်ပါစေသော် |
| အရာရာမှာ လိုတိုင်းသာ ပြည့်ဝပါစေသော် |
| လောကသံသရာ ကျိုးနှစ်ဖြာ ကောင်းတာမှန်က လုပ်ရမယ် |
| သိမ်ဆိုတာ ရဟန်းဖြစ်အောင်လုပ်ပေးတဲ့နေရာဖြစ်လို့ ရဟန်းတို့မိခင်ပဲ။ |
| သိမ်ထဲမှာ ဥပုသ်ပြုရလို့ ရဟန်းတို့ရဲ့ဥပဒေခုံရုံးပဲ |
| သိမ်ထဲမှာ အပြစ်အနာအဆာဆေးကြောရတာမို့ ရဟန်းတို့ရဲ့ဆေးရုံပဲ။ |
| ဒေါက်တာဦးသောင်းလှိုင်နဲ့ဇော်လင်းထွန်း |
| ကင်မရာမင်း မျိုးမင်းပိုင် |
| အတွေးကတော့ များပါဗျာ |
| ကြိုး.....မရှုတ်စေနဲ့ |
| လှော်ကားကြိုးဝိုင်းက နောက်မှာ ကပ်နေတယ်လေ။ |
| ဒီသိမ်မြေပေါ်မှာ ယခင်က ရာသီပင်များ စိုက်ခဲ့တယ်။ ဒါကြောင့် အပင်ကြီးမရှိတာ။ |
| ကုသိုလ်ကောင်းမှု အကြောင်းပြု ပေါင်းစုလုပ်ကိုင်လေ။ |
| သံသရာမှာ အေးစေဖို့ ညီညီညာညာ ဖေးကူစို့ |
| အကြောင်းကောင်းစုံစုံလင် အကျိုးပေါင်းဖုံဖုံထင် |
| ငါ့ကျောင်း.. ငါပဲ.. ငါမစွဲဖို့...၊ ငါလည်း..လုပ်ဖို့လိုသေးတယ်။ |
| သိမ်ကျောင်းပန္နက်ရိုက်အပြီး ဆွမ်းကပ်လှူကြတယ် |
| ဓမ္မပါရဂူကျောင်းတိုက်ရဲ့ ၀ါဆိုကျောင်းလေး |
| ပုံစောင်းစောင်းလေးတွေကို မတည့်တတ်လို့ စောင်းပြီးကြည့်ပေးကြပါ။ အညောင်းပြေပါတယ်။ |
| ရိုက်တုံးက အတည့်၊ ပေါ်တော့ အစောင်း |
| Add caption | |
ဓာတ်ပုံတွေက ရှိပါတယ်။ လိုင်းမကောင်းတာနဲ့ အလုပ်များနေတာနဲ့..တာနဲ့ ..တာနဲ့..တာနဲ့ မတင်ဖြစ်တာပါ။ နောက်ကျတော့လည်း နောက်ကျတဲ့ အလျောက်ပေါ့။ သမိုင်းဆိုတာဟာ ဘယ်တော့မှ ရှေ့မကျပါဘူး။ အမြဲတမ်း နောက်မှာကျန်တာကို ပြောတာမဟုတ်လား။
ReplyDelete