လွှတ်မှ လွတ်မယ်
သူတော်သူမြတ်တို့ဟာ
အရာရာကို
မစွဲလန်းလို့ ...လွှတ် လိုက်တာလား၊
လွှတ်လိုက်လို့...မစွဲလန်းတော့တာ လား...
စဉ်းစားကြည့်တော့
အဖြေက မပီပြင်ဝိုးတ၀ါး။
အရာရာဟာ
စွဲလန်းဖွယ်ရာမဟုတ်လို့ လွှတ်လိုက်တာလား၊
လွှတ်လိုက်လို့ စွဲလန်းဖွယ်မဟုတ်ကြောင်း ထင်လာတာ လား...
စဉ်းစားကြည့်တော့လည်း
ဆုံးဖြတ်ရအခက်သား။
ဘယ်လိုအဖြေထွက်ထွက်
မစွဲလန်းသူများ ဖြစ်နေတော့....
လွှတ်ထားသူများ ဖြစ်နေတော့.....
လွတ်လွတ်လပ်လပ်ဖြစ်နေကြတာ
အသေအချာပဲ။ ။
သူတော်သူမြတ်တို့ဟာ
အရာရာကို
မစွဲလန်းလို့ ...လွှတ် လိုက်တာလား၊
လွှတ်လိုက်လို့...မစွဲလန်းတော့တာ
စဉ်းစားကြည့်တော့
အဖြေက မပီပြင်ဝိုးတ၀ါး။
အရာရာဟာ
စွဲလန်းဖွယ်ရာမဟုတ်လို့ လွှတ်လိုက်တာလား၊
လွှတ်လိုက်လို့ စွဲလန်းဖွယ်မဟုတ်ကြောင်း ထင်လာတာ
စဉ်းစားကြည့်တော့လည်း
ဆုံးဖြတ်ရအခက်သား။
ဘယ်လိုအဖြေထွက်ထွက်
မစွဲလန်းသူများ ဖြစ်နေတော့....
လွှတ်ထားသူများ ဖြစ်နေတော့.....
လွတ်လွတ်လပ်လပ်ဖြစ်နေကြတာ
အသေအချာပဲ။ ။
No comments:
Post a Comment