Tuesday, June 4, 2013

ရေခဲသေတ္တာ အလှူ

မီးအား မကောင်းပါဘူးဆိုနေမှ ရေခဲသေတ္တာလှူချင်သူက ပေါ်လာတယ်။ ကျောင်းမှာ လိုအပ်နေတာကတော့ အမှန်ပါပဲ။ ရေခဲသေတ္တာ မရှိတုန်းက သိုမှီးစရာ နေရာမရှိ။ ပစ္စည်းအလေအလွင့် အထိုက်အလျှောက် ရှိတယ်။ အခုတော့ ဒီအခက်အခဲတွေ နည်းပါးလာတယ်။ မီးအား ကောင်း လာအောင်လည်း ပါဝါမီတာ လျှောက်ထားတာဆိုတော့ နောက်ပိုင်းဆို အဆင်ပြေလာမှာပါ။

ဒီရေခဲသေတ္တာက မယဉ်ယဉ်အောင်၊ မလွင်လွင်မြင့်၊ မနန္ဒာတို့ သူငယ်ချင်းတစ်စုရဲ့ စုပေါင်းအမှတ်တရအလှူပါ။ ထောက်ကြန့်က ဓမ္မပါရဂူကျောင်းကို မယဉ်ယဉ်အောင်တို့ မိသားစု ရောက်တုန်းက အမှတ်တရတစ်ခု လှူကြရအောင်ဆိုပြီး လှူစရာစဉ်းစား လိုက်တာ ရေခဲသေတ္တာလှူဖို့ ရွေးချယ်လိုက်ကြတာပါ။

အာရုံကျရာ လှူတဲ့ခါ ၀မ်းသာပီတိပွား.. ဆိုတဲ့အတိုင်း ကိုယ်လှူချင်တာကို လှူနိုင်လိုက်တဲ့အခါ ၀မ်းသာပီတိက ပိုပြီးအဖြစ်များတယ်။ ဒါကြောင့် ကိုယ်လှူချင်တာကို ရွေးချယ်လှူတတ်ဖို့ လိုပါတယ်။ ပြောစရာရှိတာက ကိုယ်လှူချင်တာကို အလှူခံဖက်က မလိုအပ်ဘူးဆိုရင်လည်း ခက်တယ်။ လှူတဲ့နေရာမှာ ဒီအချက်ကို သတိပြုမိဖို့လိုတယ်။ ကိုယ်လှူချင်တာလည်း ဖြစ်ရမယ်... အလှူခံဖက်ကလည်း ဒါကို လိုအပ်နေတယ်...ဆိုရင်  အလှူပေးအလှူခံ နှစ်ဖက်စလုံးအတွက် အဆင်ပိုပြီး ပြေသွားတာပေါ့။ ဒီစနစ်ဟာ ဒါနပြုတဲ့နေရာမှာ ကျင့်သုံးသင့်တဲ့ အခြေခံစည်းမျဉ်း တစ်ခုပါပဲ။

အလှူရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် လိုရာဆန္ဒ ပြည့်ဝကြပါစေ.....။






No comments:

Post a Comment