ဒီကနေ့ ပြီးစီးနေတာကို မှတ်တမ်း တင်ထားတာပါ။ သထပ ညွှန်မှူး ဦးစိုးမင်းထွန်းက ကျောင်းတိုက် အခြေအနေကို လိုက်ကြည့်ချင်လို့ သူ့ကားလေးနဲ့ သွားကြတာပါ။ ၇ မိုင်ခွဲက ကုန်းမြင့်သာ ဆိုင်မှာ အရုဏ်ဆွမ်း စားပြီး ထောက်ကြန့်ကို မောင်းခဲ့ကြတာပါ။ ကျောင်းတိုက်မှာ ရေရှည်လုပ်ရမည် အခြေအနေများကို တွက်ဆပြနေပါတယ်။ ကျောင်းတိုက်တည်နေရာကို သူလဲ သဘောကျကြောင်း ပြောတယ်။
အခု အောက်တိုဘာလ ၁၈ ရက်နေ့ပါ။ အမိုးနဲ့ ရေသလောက်ကိစ္စ ပြီးစီးသလောက်ပါ ပဲ။ ရေးဆင်းပိုက်နဲ့ လှေခါးခုံကို လုပ်နေကြပါတယ်။ အတွင်းအပြင် အချောသတ်စရာ ဆက်လုပ်ဖို့ ပြောနေရတယ်။ အုတ်ရေကန်ကို လုံအောင်လုပ်ထားတဲ့ သောက်ရေကန်ပါ။

No comments:
Post a Comment