ဒီနှစ် ထိုင်ဝမ်မှာ မ.ဟ.န
ဥက္ကဋ္ဌ ဆရာတော်ကြီး ဦးဆောင်ပြီး သိမ်နုတ်သိမ်သမုတ်ခဲ့တဲ့ မှတ်တမ်းတချို့ပါ။
ယခင်နှစ်ကလည်း ထိုင်ဝမ်မှာ ဖားအောက်တောရ ဆရာတော်ကြီးလည်း
သိမ်သမုတ်ခဲ့ပါသေးတယ်။ ထိုင်ဝမ်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းလင်းဖို့အတွက် အခြေခံကောင်းတွေ အများကြီး ရှိနေပါတယ်။ လေ့လာမိသလောက်ပြောရရင်

၁။ ထိုင်ဝမ်မှာ မြန်မာစကား မြန်မာ့ယဉ်ကျေးမှုနဲ့ အကျွမ်းဝင်နေတဲ့ နိုင်ငံသားများ (တရုတ်၊မြန်မာ) အများအပြားရှိခြင်း။
၂။ ထိုင်ဝမ်ရှိ မဟာယာန ရဟန်းတော်များ၊ သီလရှင်များသည် ထေရ၀ါဒ ပဋိပတ်အကျင့်များကို လက်တွေ့ကျင့်သုံးဖို့ စိတ်အား ထက်သန်နေခြင်း။
၃။ ထိုင်ဝမ်နိုင်ငံသား ထေရ၀ါဒ ရဟန်းအရေအတွက်(အထူး အားဖြင့် ဖားအောက်ဆရာတော်ကြီးရဲ့တပည့်) တဖြည်းဖြည်း တိုးပွားလာနေခြင်း။
၎။ အထောက်အပံ့ပေးနိုင်သော ဒကာဒကာမ အင်အား တောင့်တင်းခြင်း။
၅။ ထိုင်ဝမ်တည်ဆဲဥပဒေသည် ဗုဒ္ဓဘာသာအတွက် ကြီးမားသော အနှောင့်အယှက် အတားအဆီး မဖြစ်ခြင်း။
စသည်တို့ကြောင့် နောင်ဆယ်စုနှစ်အကျော်ရဲ့ အနာဂတ် ထိုင်ဝမ်မြေမှာ ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပလာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။
သာသနာပြုချင်တဲ့ ရဟန်းတော်များဘက်က ပရိယတ် ပဋိပတ်ဆိုင်ရာကို တရုတ်လိုများ ဟောနိုင်မယ်ဆိုရင် ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် ထွန်းလင်းသွားလိမ့် မယ်လို့ ထင်မိနေကြောင်းပါ။

No comments:
Post a Comment