အပေါ်အမိုးအတွက် တော်တော်ခရီးရောက်နေပါပြီ။ မိုးရွာရင် ဂဟေဆော်လို့ မရသလို မီးမလာရင်လည်း ဂဟေဆော်လို့ မဖြစ်ပြန်ဘူး။ မိုးကလည်း ဒီနှစ် ပိုများတော့ မိုးမရွာ မီးလာမှ အလုပ်သမားတွေအတွက် အလုပ် လုပ်နိုင်ကြပါတယ်။
ဒီကနေ့ဟာ ၀ါခေါင်လပြည့်နေ့ ပါ။ မေတ္တာအခါတော်နေ့လို့ သာသနာတော်မှာ နေ့ထူးနေ့ရက် တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
ဘုရားရှင်လက်ထက်က ရဟန်းငါးရာ ကမ္မဋ္ဌာန်းယူပြီး တောထဲမှာ တရားအားထုတ်ကြတာ ရုက္ခစိုး များ နှောက်ယှက်ကြလို့ သမာဓိထူထောင်လို့ မရကြဘူးလေ။ ဒါကြောင့် မြတ်ဗုဒ္ဓထံ ပြန်သွား တဲ့အခါမှာ ပရိတ်ကြီးမှာလာတဲ့ မေတ္တသုတ်ကို မေတ္တာကမ္မဋ္ဌာန်းအဖြစ် နာကြား၊ အဲဒီတောထဲကိုပဲ တစ်ဖန်ပြန်ခဲ့ကြပြီး တရားအားထုတ်လိုက်တာ ၀ါလည်းကျွတ်ရော တရားထူးများ ရသွားကြလေရဲ့။ မေတ္တသုတ်ကို ဟောကြား တဲ့ နေ့အခါဖြစ်လို့ မေတ္တာအခါတော်နေ့လို့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

No comments:
Post a Comment