ဂုဏ်ပကာသန အဓိပ္ပာယ်က ဂုဏ်ကို ချဲ့ကားထားခြင်း သဘောပါ။ ရှိတဲ့ဂုဏ်ကို
ပေါ်လွင်အောင် ချဲ့ထွင်ဖော်ပြတာက မဆိုးလှပေမဲ့ မရှိတဲ့ဂုဏ်ကို
ချဲ့ထွင်ဖော်ပြတာက မြင်ရတာ အဆင်မပြေလှဘူး။ ဂုဏ်ပကာသနကြားထဲမှာ
အနေကြာလာသူတွေအချို့က ဂုဏ်ပကာသနကို ငြီးငွေ့လာတတ်ပေမဲ့ အများစုကတော့
ပျော်နေဆဲ၊ မော်နေဆဲပါပဲ။
ပညာရေး တက္ကသိုလ်ပါမောက္ခ၊ ပညာရေးဝန်ကြီး၊ သံအမတ်ကြီးဘ၀တွေနဲ့ ကျင်လည်ခဲ့ဖူးတဲ့ ဆရာကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ)က မဆုံးခင် ပြောသွားတာကို ကြားယောင်မိပါတယ်။

ဆရာကြီးက “ဂုဏ်ပကာသနဆိုတာ အတွင်းကျကျ ကြည့်လိုက်တော့လဲ အခေါင်းကြီးပါပဲ ဦးဇင်းရယ်”တဲ့။
တကယ်တော့ လူတွေဟာ မရှိတဲ့ဂုဏ်ကို ရှိအောင် မလုပ်ချင်၊ ရှိပြီးသားဂုဏ်ထက် ပိုပြီး ဂုဏ်ရှိလာအောင် မလုပ်ချင်ရင်ဘူးဆိုရင် လူ့တန်ဖိုးဟာ ရှိရင်းစွဲဂုဏ်ထက် နိမ့်ကျလာတယ်၊ အနှစ်သာရတွေလည်း နည်းပါးလာတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အနှစ်မရှိတဲ့သပွတ်အူလို အခေါင်းကြီး ဖြစ်သွားပုံ ရပါတယ်။ မရှိသေးတဲ့ဂုဏ်ကို ရှိအောင်၊ ရှိပြီးသားဂုဏ်ထက် ပိုမိုတိုးပွားလာအောင် လုပ်နေမယ်ဆိုရင် လူရဲ့တန်ဖိုးက မြင့်သထက်မြင့်တက်လာတယ်။ ဂုဏ်ကို တိုးပွားအောင်လုပ်နေသမျှ ဂုဏ်ပကာသနလုပ်စရာမလိုဘူးလို့ စဉ်းစားမိပါတယ်။...

No comments:
Post a Comment