ဒါနလုပ်တာက
တစ်ခုခုကို ပေးလှူပြီး ကုသိုလ်ယူရတယ်၊ ကိုယ့်ဖက်က ပစ္စည်းတစ်ခုခုကို
ပေးကမ်းရတယ်။ သီလကျတော့ ဒါနလို မပေးရဘဲ ကုသိုလ်ရတယ်။ သူတပါးအသက်ကို မသတ်ပါ။
သူ့ဥစ္စာကို မခိုးပါဟု စောင့်ထိန်းရတာပါ။ ဘာဝနာကလည်း ဒါနလို ပေးစရာမလိုပဲ
ကုသိုလ်ရတယ်။ မှန်မှန်ကန်ကန် ပွားများပေးဖို့ပဲ လိုအပ်တယ်။
ပေးစွန့်မှ ကုသိုလ်ရတယ်ဆိုတဲ့ ရှုထောင့်က ကြည့်ရင် သီလနဲ့ဘာဝနာဟာ
ဘာဖြစ်လို့ ကုသိုလ်ရသလဲ ဆိုတာ နားမလည်တတ်ဘူး ဖြစ်တတ်တယ်။ အကယ်၍များ အဲဒီလိုဖြစ်နေမိရင်
ပယ်စွန့်(ပယ်ခွာ)မှုရှုထောင့်က ပြောင်းပြီးကြည့်ကြဖို့ တိုက်တွန်းမိမှာပါပဲ။ တကယ်တော့ ဒါနဆိုတာ ကိုယ့်သန္တာန်မှာရှိတဲ့ လောဘကို ပယ်စွန့်ရတာပါပဲ။ အဲဒီလိုမှ ပယ်စွန့်မှုမရှိရင် ဒါနဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ပယ်စွန့်တယ်ဆိုတာ လောဘကို ပယ်စွန့်တာပါပဲ။ ဒါနဆိုတာ လောဘကို ပယ်စွန့်သလို သီလကလည်း လောဘ ဒေါသကို ပယ်စွန့်ရတာပါပဲ။ သူတပါးအသက်ကို မသတ်ဖို့အတွက် သတ်ချင်နေတဲ့ဒေါသကို ပယ်စွန့်ရတယ်။ သူ့ဥစ္စာကို မခိုးမိစေဖို့အတွက် လိုချင်တဲ့လောဘကို ပယ်စွန့်ရတယ်။ အခြားသိက္ခာပုဒ်တွေလည်း လောဘနဲ့ဒေါသကို တစ်နည်းနည်းနဲ့ ပယ်စွန့်ကြတာပါပဲ။ အဲဒီလို ပယ်စွန့်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဘာဝနာ ကတော့ လောဘဒေါသအပြင် မောဟကိုလည်း ပယ်စွန့်နိုင်ပါတယ်။ ပယ်စွန့်ခြင်းဆိုတဲ့ရှုထောင့်ကကြ ည့်ရင် ဒါနသီလဘာဝနာတို့ဟာ လုပ်ငန်းစဉ်ရည်ရွယ်ချက်ခြင်း အတူတူပဲလို့ ထင်မြင်လာနိုင်ပါတယ်။
ဒါနလုပ်ပြီး လောဘကို မပယ်စွန့်တာလည်း ရှိတတ်ပါတယ်။ ဥပမာ ပန်းရေချမ်းလှူပြီး ဘာဖြစ်ရပါစေ ညာဖြစ်ရပါစေဆိုပြီး လိုရာဆုများတောင်းရင်တော့ ကိုယ်လိုချင်တာ ရဖို့အတွက် လှူစရာနဲ့ အရင်းအနှီး ပြုလုပ်သလို ဖြစ်နေတယ်။ အပေး အယူသဘော သက်ရောက်နေတယ်။ ဒီလိုဆိုရင် လောဘကို ပယ်သတ်တဲ့လမ်းစဉ်ကို ဆန့်ကျင်သလို ဖြစ်နေမလားလို့ ထင်မိတယ်။
သီလကို ဆောက်တည်ထိန်းသိမ်းတဲ့နေရာမှာလည်း
စဉ်းစားကြည့်ဖို့လိုတယ်။ ပိုးကောင်လေးတွေကို မသတ်ဘူး။..ငရဲကြီးမှာ
စိုးလို့တဲ့။ ကိုယ်ငရဲကြီးမှာစိုးလို့ မသတ်တာနဲ့ အဲဒီသတ္တ၀ါအပေါ်မှာ
မေတ္တာထားပြီး မသတ်တာဟာ သဘာဝ မတူတတ်ပါဘူး။ ကိုယ်ငရဲကြီးမှာစိုးလို့ မသတ်တာက
ကိုယ်ကျိုးစီးပွား အတ္တဟိတနဲ့ သက်ဆိုင်နေတယ်။ သတ္တ၀ါအပေါ်မှာ မေတ္တာထားပြီး
ရှောင်ကြဉ်တာက ပရဟိတနဲ့ သက်ဆိုင်နေတယ်။ ပယ်စွန့်ခြင်းဆိုတဲ့ရှုထောင့်ကကြ ည့်ရင် သီလဆောက်တည်တဲ့နေရာမှာ ပရဟိတသဘောသက်ဝင်နေမှ လောဘဒေါသကို ပယ်စွန့်နိုင်မယ်လို့ ထင်ပါတယ်။
ဘာဝနာလုပ်ရင်လည်း သတိပြုသင့်ပါတယ်။ ကျန်းမာရေးကောင်းချင်လို့ စိတ်ချမ်းသာချင်လို့ တရားအားထုတ်တဲ့ လူ အလွန်ပေါများပါတယ်။ ကိုယ့်ရိပ်သာ သူ့ရိပ်သာ…ရိပ်သာစွဲ စွဲတဲ့လူတွေလည်း မနည်းလှပါဘူး။ ပြောမကောင်းတာတွေကို ဆက်မပြောတာပဲ ကောင်းပါတယ်။ လိုရင်းကတော့ တရားအားထုတ်တဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်က လောဘဒေါသမောဟကို ပယ်စွန့်ဖို့ ဦးမတည်ဘူးဆိုရင် ..ဘာဝနာလုပ်ရင်း နဲ့လည်း လမ်းချော်သွားနိုင်တယ်လို့ ထင်မိပါတယ်။
အားလုံးအတွက် ဆန္ဒပြုပါတယ်…. “ဒါနသီလဘာဝနာ လုပ်တဲ့အခါမှာ လောဘဒေါသမောဟကင်းအောင် အမြဲလုပ်နိုင်ကြပါစေ”
ပေးစွန့်မှ ကုသိုလ်ရတယ်ဆိုတဲ့ ရှုထောင့်က ကြည့်ရင် သီလနဲ့ဘာဝနာဟာ
ဘာဖြစ်လို့ ကုသိုလ်ရသလဲ ဆိုတာ နားမလည်တတ်ဘူး ဖြစ်တတ်တယ်။ အကယ်၍များ အဲဒီလိုဖြစ်နေမိရင်
ပယ်စွန့်(ပယ်ခွာ)မှုရှုထောင့်က ပြောင်းပြီးကြည့်ကြဖို့ တိုက်တွန်းမိမှာပါပဲ။ တကယ်တော့ ဒါနဆိုတာ ကိုယ့်သန္တာန်မှာရှိတဲ့ လောဘကို ပယ်စွန့်ရတာပါပဲ။ အဲဒီလိုမှ ပယ်စွန့်မှုမရှိရင် ဒါနဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ပယ်စွန့်တယ်ဆိုတာ လောဘကို ပယ်စွန့်တာပါပဲ။ ဒါနဆိုတာ လောဘကို ပယ်စွန့်သလို သီလကလည်း လောဘ ဒေါသကို ပယ်စွန့်ရတာပါပဲ။ သူတပါးအသက်ကို မသတ်ဖို့အတွက် သတ်ချင်နေတဲ့ဒေါသကို ပယ်စွန့်ရတယ်။ သူ့ဥစ္စာကို မခိုးမိစေဖို့အတွက် လိုချင်တဲ့လောဘကို ပယ်စွန့်ရတယ်။ အခြားသိက္ခာပုဒ်တွေလည်း လောဘနဲ့ဒေါသကို တစ်နည်းနည်းနဲ့ ပယ်စွန့်ကြတာပါပဲ။ အဲဒီလို ပယ်စွန့်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဘာဝနာ ကတော့ လောဘဒေါသအပြင် မောဟကိုလည်း ပယ်စွန့်နိုင်ပါတယ်။ ပယ်စွန့်ခြင်းဆိုတဲ့ရှုထောင့်ကကြ
ဒါနလုပ်ပြီး လောဘကို မပယ်စွန့်တာလည်း ရှိတတ်ပါတယ်။ ဥပမာ ပန်းရေချမ်းလှူပြီး ဘာဖြစ်ရပါစေ ညာဖြစ်ရပါစေဆိုပြီး လိုရာဆုများတောင်းရင်တော့ ကိုယ်လိုချင်တာ ရဖို့အတွက် လှူစရာနဲ့ အရင်းအနှီး ပြုလုပ်သလို ဖြစ်နေတယ်။ အပေး အယူသဘော သက်ရောက်နေတယ်။ ဒီလိုဆိုရင် လောဘကို ပယ်သတ်တဲ့လမ်းစဉ်ကို ဆန့်ကျင်သလို ဖြစ်နေမလားလို့ ထင်မိတယ်။
သီလကို ဆောက်တည်ထိန်းသိမ်းတဲ့နေရာမှာလည
ဘာဝနာလုပ်ရင်လည်း သတိပြုသင့်ပါတယ်။ ကျန်းမာရေးကောင်းချင်လို့ စိတ်ချမ်းသာချင်လို့ တရားအားထုတ်တဲ့ လူ အလွန်ပေါများပါတယ်။ ကိုယ့်ရိပ်သာ သူ့ရိပ်သာ…ရိပ်သာစွဲ စွဲတဲ့လူတွေလည်း မနည်းလှပါဘူး။ ပြောမကောင်းတာတွေကို ဆက်မပြောတာပဲ ကောင်းပါတယ်။ လိုရင်းကတော့ တရားအားထုတ်တဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်က လောဘဒေါသမောဟကို ပယ်စွန့်ဖို့ ဦးမတည်ဘူးဆိုရင် ..ဘာဝနာလုပ်ရင်း နဲ့လည်း လမ်းချော်သွားနိုင်တယ်လို့ ထင်မိပါတယ်။
အားလုံးအတွက် ဆန္ဒပြုပါတယ်…. “ဒါနသီလဘာဝနာ လုပ်တဲ့အခါမှာ လောဘဒေါသမောဟကင်းအောင် အမြဲလုပ်နိုင်ကြပါစေ”
မှန်ပါ.ဘုရား။ တပည်.တော်မ ဒါန..သီလ..ဘာဝနာ..လုပ်တဲ.အခါတိုင်းမှာ လောဘ ဒေါသ မောဟ ကင်းအောင် အမြဲ သတိ အသိ ထား၍ရှောင်ကျဉ် ပါ.မယ်ဘုရား။ ဆရာတော်ဘုရားကို အဝေးတနေရာမှ ရိုသေစွာဖြင်. လက်အုပ်မိုး၍ ရှိခိုးဦးချကန်တော.လျှက်ပါဘုရား။
ReplyDelete