ဂုဏ်ပကာသန အဓိပ္ပာယ်က ဂုဏ်ကို ချဲ့ကားထားခြင်း သဘောပါ။ ရှိတဲ့ဂုဏ်ကို
ပေါ်လွင်အောင် ချဲ့ထွင်ဖော်ပြတာက မဆိုးလှပေမဲ့ မရှိတဲ့ဂုဏ်ကို
ချဲ့ထွင်ဖော်ပြတာက မြင်ရတာ အဆင်မပြေလှဘူး။ ဂုဏ်ပကာသနကြားထဲမှာ
အနေကြာလာသူတွေအချို့က ဂုဏ်ပကာသနကို ငြီးငွေ့လာတတ်ပေမဲ့ အများစုကတော့
ပျော်နေဆဲ၊ မော်နေဆဲပါပဲ။
Wednesday, August 29, 2012
ဒါန..သီလ..ဘာဝနာ
ဒါနလုပ်တာက
တစ်ခုခုကို ပေးလှူပြီး ကုသိုလ်ယူရတယ်၊ ကိုယ့်ဖက်က ပစ္စည်းတစ်ခုခုကို
ပေးကမ်းရတယ်။ သီလကျတော့ ဒါနလို မပေးရဘဲ ကုသိုလ်ရတယ်။ သူတပါးအသက်ကို မသတ်ပါ။
သူ့ဥစ္စာကို မခိုးပါဟု စောင့်ထိန်းရတာပါ။ ဘာဝနာကလည်း ဒါနလို ပေးစရာမလိုပဲ
ကုသိုလ်ရတယ်။ မှန်မှန်ကန်ကန် ပွားများပေးဖို့ပဲ လိုအပ်တယ်။
ပေးစွန့်မှ ကုသိုလ်ရတယ်ဆိုတဲ့ ရှုထောင့်က ကြည့်ရင် သီလနဲ့ဘာဝနာဟာ
ဘာဖြစ်လို့ ကုသိုလ်ရသလဲ ဆိုတာ နားမလည်တတ်ဘူး ဖြစ်တတ်တယ်။ အကယ်၍များ အဲဒီလိုဖြစ်နေမိရင်
ပေးစွန့်မှ ကုသိုလ်ရတယ်ဆိုတဲ့ ရှုထောင့်က ကြည့်ရင် သီလနဲ့ဘာဝနာဟာ
ဘာဖြစ်လို့ ကုသိုလ်ရသလဲ ဆိုတာ နားမလည်တတ်ဘူး ဖြစ်တတ်တယ်။ အကယ်၍များ အဲဒီလိုဖြစ်နေမိရင်
Sunday, August 12, 2012
အမြင့်မှာ လျှောက်လှမ်းနည်း
အမြင့်မှာ လျှောက်လှမ်းနည်း......
ကျောင်းတည်ဆောက်ရေး လုပ်ငန်းခွင်မှာ လုပ်သားတစ်ယောက်ကို ဆရာလုပ်သူက “အမြင့်မှာ လျှောက်လှမ်းနည်း” ကို ပြောပြနေတာကို ကြားလိုက်မိပါတယ်။
ကျောင်းတည်ဆောက်ရေး လုပ်ငန်းခွင်မှာ လုပ်သားတစ်ယောက်ကို ဆရာလုပ်သူက “အမြင့်မှာ လျှောက်လှမ်းနည်း” ကို ပြောပြနေတာကို ကြားလိုက်မိပါတယ်။
“အမြင့်မှာ ရှိတဲ့ ထုတ်တန်း၊ သစ်သားတန်း၊ ခေါင်မိုးတွေအပေါ်မှာ လမ်းလျှောက်ရင် အောက်ကို မကြည့်နဲ့။”
“ဘေးကိုလည်း မကြည့်နဲ့။”
“ကိုယ်နင်းတဲ့ နေရာမှာပဲ စိတ်ကိုထားပြီး
ရဲရဲလျှောက်ရတယ်”..တဲ့။
Tuesday, August 7, 2012
ဓမ္မဗျူဟာ စံကျောင်း သြဂုတ်လ ၃ ရက် အခြေအနေပုံပြ
အလောသုံးဆယ် လုပ်ချင်ပါတယ်။ ရာသီဥတုက အခြေအနေ မပေးပါဘူး။ လုပ်နိုင်သမျှ လုပ်ပေးတာကိုပဲ လက်ခံရပါတယ်။ ဒီကြားထဲ လုပ်အားခကို ထပ်တိုးတောင်းလို့ ဖြေရှင်းရသေးတယ်။ ယခင်က ပန်းရံ သိန်း ၂၀ နဲ့ ပြောထားတာကို ၂၅ သိန်းနဲ့ လိုက်လျောပေးခဲ့ပါတယ်။ ခေတ်ကြီးကိုက လုပ်ခတိုးတောင်းတဲ့ခေတ် ဖြစ်နေတာ မဟုတ်လား။
အောက်ထပ်ကုဋီ ရေချိုးခန်း |
Subscribe to:
Posts (Atom)