အမြင့်မှာ လျှောက်လှမ်းနည်း......
ကျောင်းတည်ဆောက်ရေး လုပ်ငန်းခွင်မှာ လုပ်သားတစ်ယောက်ကို ဆရာလုပ်သူက “အမြင့်မှာ လျှောက်လှမ်းနည်း” ကို ပြောပြနေတာကို ကြားလိုက်မိပါတယ်။
ကျောင်းတည်ဆောက်ရေး လုပ်ငန်းခွင်မှာ လုပ်သားတစ်ယောက်ကို ဆရာလုပ်သူက “အမြင့်မှာ လျှောက်လှမ်းနည်း” ကို ပြောပြနေတာကို ကြားလိုက်မိပါတယ်။
“အမြင့်မှာ ရှိတဲ့ ထုတ်တန်း၊ သစ်သားတန်း၊ ခေါင်မိုးတွေအပေါ်မှာ လမ်းလျှောက်ရင် အောက်ကို မကြည့်နဲ့။”
“ဘေးကိုလည်း မကြည့်နဲ့။”
“အောက်ကိုကြည့်ရင် ကြောက်စိတ် ၀င်တတ်တယ်။
ဘေးကိုကြည့်ရင် ခြေလှမ်းမှားတတ်တယ်” လို့လည်း ဆရာလုပ်သူက ပြောပြနေပါတယ်။
ဟုတ်တယ်....အမြင့်မှာဆိုတော့ အန္တရာယ် များတယ် မဟုတ်လား။
ဘ၀ဆိုတဲ့ ခရီးရှည်ကြီးမှာ အနိမ့်လမ်းကို လျှောက်နေရချိန် ရှိသလို
အမြင့်လမ်းကို လျှောက်လှမ်းနေရချိန်လည်း ရှိနိုင်ပါတယ်။
ကိုယ်လျှောက်ရတဲ့လမ်းဟာ အနိမ့်ဆိုရင် ခလုပ်မထိ ဆူးမငြိရင် ပြီးတာပါပဲ။
သင့်တော်သလို လျှောက်ရုံပါပဲ။
ကိုယ်လျှောက်ရတဲ့လမ်းက အမြင့်ဆိုရင်တော့
အောက်ခြေပိုင်းကိစ္စတွေကို ဂရုတစိုက် လိုက်ကြည့်နေရရင် အာရုံတွေ
ထွေပြားနေလို့ လျှောက်ရတာ ခရီးမပေါက်တော့သလို ဖြစ်နေတတ်တယ်။
ဘေးဘီဝဲယာက
ပျံဝဲလာတဲ့ အတိုက်အခိုက် အာရုံတွေကို ဂရုစိုက်နေရင်လည်း လျှောက်ရတာ
ခြေလှမ်းတွေ တုံ့ဆိုင်းနေတတ်လို့ စိုးရွံ့မှုတွေ ကြောက်ရွံမှုတွေ ပေါ်လာတတ်တယ်။ အဆင်မသင့်ရင် အောက်ကိုတောင် လိမ့်ကျနိုင်တယ်။
အဲဒီတော့......
အမြင့်ပိုင်းအပေါ်ပိုင်းမှာ လျှောက်လှမ်းနေရရင်
ခြေလှမ်းတိုင်းခြေလှမ်းတိုင်း ကိုယ့်ခြေ
လှမ်းချရမဲ့ နေရာကိုပဲ ဂရုစိုက်ပြီး မှန်မှန်လေး
ရဲရဲတင်းတင်းလျှောက်လှမ်းဖို့ လိုအပ်သလို ဘ၀ရဲ့အမြင့်လမ်းမှာ
လျှောက်လှမ်းနေစဉ်မှာလည်း အဲဒီလိုမျိုး ကျင့်သုံးဖို့
လိုအပ်ကောင်းလိုအပ်မယ်လို့ စဉ်းစားမိပါတယ်။
No comments:
Post a Comment