မအူပင် ဓမ္မစကူးလ် ဆရာဖြစ်ဆင့်ပွားသင်တန်းဖွင့်ပွဲ
အခုလို မိုးရေထဲမှာ ဘောလုံးကန်နေတာ ကြာနေလို့ အမေက ၀ါးခြမ်းပြားကိုင်ပြီး လိုက်လာတယ်။
အနားရောက်တော့ လက်ကိုဆွဲ.. ၀ါးခြမ်းပြားနဲ့ ရိုက်ဖို့ရွယ်ပြီး အမေက
“ဒုတ်ကို ကြောက်သလား... ငါ့ကို ကြောက်သလား”လို့ မေးတယ်။
အမေးရှိတော့ အဖြေပေးရတာပေါ့။
ခပ်သွက်သွက်လေးပဲ
”ဒုတ်ကို ကြောက်တယ်”လို့ အဖြေပေးလိုက်တယ်။
ဒီအဖြေကို သဘောကျဟန် မတူလို့
“အော်..နင်က ငါ့ကို မကြောက်ဘူးပေါ့” ဆိုပြီး
ရိုက်ဖို့ ပြင်တော့တာပါပဲ။
အဲဒီတော့ အသားနဲ့ဒုတ်နဲ့ နှစ်ပါးမသွားခင် ခပ်မြန်မြန်လေး
“အမေ့ကိုလည်း ကြောက်တယ်”လို့
အော်လည်းအော် ဒုတ်ရောလူရော လှုပ်မရအောင် သိမ်းဖက်ထားခဲ့ဖူးတယ်။
အမှန်ပြောရရင် အဲဒီတုန်းက ဒုတ်ကိုလည်း မကြောက်သလို အမေ့ကိုလည်း မကြောက်ခဲ့ပါဘူး။ ဟုတ်တယ်လေ၊ ဒုတ်က သူ့ဖာသာသူနေတာ ဘာ ကြောက်စရာလိုလို့လဲ။
အမေကလည်း စိတ်ဆိုးတုန်းခဏပဲ..ကြောက်စရာ မကောင်းပါဘူး။
တကယ်ကြောက်တာက အသားနာတဲ့ဒုက္ခကို ကြောက်တာ ဖြစ်မှာပါ။
အခုလို အသက်အရွယ်ရောက်လာတော့ အသားနာတဲ့ဒုက္ခထက် ကြောက်စရာကောင်းတဲ့ အိုရခြင်းဒုက္ခ..နာရခြင်းဒုက္ခ...
ခက်တာက ဒီဒုက္ခတွေဖြစ်အောင် ဘယ်သူကမှ လာပြီး လုပ်တာ မဟုတ်ပါဘူး။
ဘယ်သူကမှ လာပြီး ရိုက်တာလည်း မဟုတ်ဘူး။
စဉ်းစားမိပါရဲ့...
ဒုတ်ကိုပဲ ကြောက်တယ်ပြောပြော...
အမေ့ကိုပဲ ကြောက်တယ်လို့ဖြေဖြေ...
နှစ်ခုစလု
အရိုက်ခံရတဲ့ဘေးကလွတ်အေ
ငယ်ငယ်တုန်းက
ဒုတ်ကိုရော..အမေ့ကိုရော လှုပ်မရအောင် ဖက်ထားရသလိုမျိုး....
တစ်ခုခုကိုတော့ ဖက်ထားဖို့ လိုလိမ့်မယ်ထင်တယ်။
ကိုယ်နဲ့ တန်ရာတန်ရာ လျော်ကန်သင့်မြတ်တဲ့
တရားတစ်ခုကို မဖြစ်မနေ ဖက်တွယ်ထားဖို့ လိုလိမ့်မယ်လို့ စဉ်းစားမိပါတယ်။
ဆရာတော်ဘုရား အရမ်းပဲကောင်းတဲ. ဆောင်းပါးလေးပါဘုရား။ ဘဝတွေကို ခက်ခဲ ပင်ပန်းစွာ ရုန်းကန်ရင်းနဲ. တရား ဓမ္မတွေကို မေ.မေ.လျော.လျော. နေနေကြတဲ. တပည်.တော်မတို.ကို ဆရာတော်ဘုရားရဲ. ဒီဆောင်းပါးလေးက ထပ်၍ သတိ အသိ ပေးလိုက်လို. ကျေးဇူးအများကြီးတင်ရှိပါတယ်ဘုရား။ ဆရာတော်ဘုရားကို ရိုသေစွာဖြင်. အဝေးတနေရာမှ လက်အုပ်မိုး၍ရှိခိုးဦးချကန်တော.လျှက်ပါဘုရား။
ReplyDelete