ဓမ္မပါရဂူကျောင်းတိုက်အတွင်း လက်ရှိအသုံးပြုနေသော စက်ရေတွင်းသည် နွေရာသီတွင် ရေထွက် နည်းပါးလာပါသည်။ အနက် ပေ၂၇၀ ခန့်တူးထားသော ထိုရေတွင်းမှ ရေကောင်းရေသန့် ထွက်သော်လည်း ရေထွက် နည်းပါးသောကြောင့် နောက်ထပ် စက်ရေတွင်း တစ်တွင်း တူးဖော်လှူဒါန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကနဦး တူးဖော်မှုအဆင့်ကို စတင်နေပြီဖြစ်ပြီး အလှူရှင်များမှာ ရဟန်းဒါယကာ ဒေါ်သင်းသင်းဆွေမိသားစုနှင့် ကိုဖိုးတိ+မသန်းသန်းအေး မိသားစု တို့ဖြစ်ပါသည်။
No comments:
Post a Comment