Friday, September 28, 2012

စက်တင်ဘာလ ကျောင်းအမိုး မိုးအပြီး



စက်တင်ဘာလ ၂၇ ရက်နေ့က လှေခါးအ၀င်ပေါက်ပေါ်မှာ ရှိတဲ့ အမိုးကလွဲပြီး ကျန်တဲ့အပိုင်းတွေ အကုန်မိုးပြီးသွားပြီ။ ခေါင်ချုပ်၊ ရေသရောက် တပ်ဆင်ဖို့ ကျန်သေးတယ်။

Wednesday, September 12, 2012

ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း အမိုး စပါပြီ

၁၃ ရက်နေ့ စပြီး မိုးပါပြီ။ နေပူတော့လဲ မီးမလာ တစ်ချက် လာတစ်ချက်နဲ့ အလုပ်လုပ်ကြရပါတယ်။
ထောက်ပံ့မှုအကြောင်းစုံမှ အကျိုးဖြစ်တတ်တယ်။ လိုအပ်တဲ့အကြောင်း ချို့တဲ့ရင် အလုပ်လုပ်လို့ အဆင်မပြေသလို အကျိုးဖြစ်ပေါ်လာဖို့လဲ ခဲယဉ်းတတ်တယ်..



Sunday, September 9, 2012

ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း စက်တင်ဘာ ၉ ရက်နေ့

စက်တင်ဘာလ (၉) ရက် ဥပုသ်နေ့ သီလပေးပါတယ်။ (၈) ပါးသီလထဲမှာ ကိုယ်အမူအရာ ကို စောင့်ထိန်းရတဲ့ သီလက (၇) ပါးရှိပြီး နှုတ်အမူအရာကို စောင့်ထိန်းရတဲ့သီလက မုသာဝါဒ (+၀ါဒိတ)မှ ရှောင်ကြဉ်ရတာ တစ်ပါးသာ ပါဝင်ကြောင်း ရှင်းပြပါတယ်။ စကားပြောတဲ့အခါမှာ မုသာဝါဒကို ရှောင်ကြဉ်ခြင်းအပြင် ဒီထက်ပိုပြီး ကျင့်သုံးချင်ရင်တော့ ကောင်းသောစကား၊ ချစ်ဖွယ်သော စကား၊ တရားစကားနဲ့ မှန်ကန်တဲ့စကား ကို ပြောဖို့လည်း လိုအပ်ပါတယ်။ ဒီတော့ “သုဘာသိတ၊ ပိယ-ဓမ္မာ ၊ မှန် သစ္စာ၊ လေးဖြာစကားတင်”ဆိုတဲ့ လင်္ကာကိုရွတ်ပြီး စကားပြောတဲ့အခါမှာ ကျင့်သုံးသင့်တဲ့ အဲဒီအင်္ဂါလေးပါးကို ဟောကြားခဲ့ပါတယ်။
ဒီကနေ့ အခြေအနေအရ အမိုးအတွက် ဆောင်ရွက်ထားမှုနဲ့ မိုးစရာအတွက် ဒေါ်ညက်(သမီး) မတင်တင်အေး လှူဒါန်းထားတဲ့ အလူဇင့်သွပ်ပြားများကို မှတ်တမ်းတင်ထားပါတယ်။







Wednesday, September 5, 2012

ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း စက်တင်ဘာ ၇ ရက်

စက်တင်ဘာလတောင် ကူးလာပါပြီ။ နှေးနှေး...လေးလေး...နဲ့ တဖြေးဖြေးတော့ ပြီးခါနီးပါပြီ။

မိုးလွတ်တာနဲ့ အပြင်ပိုင်း စချောပါပြီ။ အမိုးပိုင်းက ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။