ဆရာနန္ဒာသိန်းဇံ ကွယ်လွန်တာ သြဂုတ်လ၂၄ ရက်ဆိုရင် တစ်နှစ်မြောက်ပြီဖြစ်လို့ “ဆရာ နန္ဒာသိန်းဇံနှင့် ပတ်သက်သော မှတ်ချက်များ” စာအုပ်ကို အထိမ်းအမှတ် အဖြစ် ထုတ်ဝေမှာ ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ “အတွေးယန္တယား” ဆိုပြီး ဆောင်းပါး ရေးထားတာပါ။ ဆရာ့ကို သတိတရနဲ့ စိတ်ကူးထဲမှာ ပေါ်လာတာတွေကို စကားပြောမူနဲ့ ရေးထားကြည့်ခြင်း ဖြစ်ပါတယ်။
Sunday, July 22, 2012
ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း ဇူလိုင်လ ၂၂ ရက်နေ့ အခြေအနေ
အပေါ်ထပ် တိုင်တွေ ကျောက်ထုပ်လောင်းပြီးသွားပါပြီ။ အပေါ်မှာ အမိုးတင်ဖို့အတွက် ကျောက်ထုပ် တစ်ပေပတ်တန်း လုပ်ဖို့ စီစဉ်နေတာပါ။ အောက်ထပ်မှာတော့ ဘင့်ထုပ်အောက်မှလွှဲပြီး စလက်ကို ထောက်ထားတဲ့တိုင်တွေကို ဖယ်လိုက်ပါပြီ။ အောက်ထပ်မှာ အုပ် ၃ ပေ ပတ်ပြီး ကြမ်းခင်းကို ကြွေပြားခင်းဖို့ စဉ်းစားထားပါတယ်။
သံထည်နဲ့ အမိုးကို တည်ဆောက်မှာပါ |
Monday, July 16, 2012
ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း ဇူလိုင်လ ၁၅ ရက် အခြေအနေ
ဇူလိုင်လ ၁၅ ရက်နေ့ဟာ ၄၅ နှစ်ပြည့်မွေးနေ့ပါ။ ရှမ်းဆောင်မှာ သံဃာများနဲ့ဖိတ်ကြားထားသူများကို ဆွမ်းဆက်ကပ်လှူဒါန်းပါတယ်။ အလှူက သီးခြားအလှူမဟုတ်ပဲ စုပေါင်းလှူဒါန်းတဲ့ ကုသိုလ်ပွဲပါ။ ကုသိုလ်ပွဲကို ဓနုဖြူမြို့ တောင်ပေါ်ကျောင်းတိုက်က ကြွရောက်လာတဲ့ ဆရာတော် ဘဒ္ဒန္တ ဓမ္မာလင်္ကာရ တိုက်ကြီးကျောင်းဆရာတော်က ရေစက်ချတရား ဟောကြားတော်မူပါတယ်။ တရားဟောပြီး နေ့လည် ၂နာရီခွဲလောက်မှာ ထောက်ကြန့်မှာရှိတဲ့ ဓမ္မပါရဂူကျောင်းတိုက်ကို သွားကြပါတယ်။ အခုပုံရိပ်များက ထိုနေ့က မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
အပေါ်ထပ်ကျောက်ထုပ်နဲ့ တိုင်များလောင်းပြီး |
Wednesday, July 11, 2012
ဝါဆိုကျောင်း
ဒီကျောင်းဆောင်က ပေ ၂၀x ပေ ၃၀ ရှိပြီး အနောက်ဖက်မှာ ထနိမိုး အဖီတစ်ခု ချထားပါတယ်။ ပထမဦးဆုံး ၀ါဆိုဖို့ ဆောက်ထားတဲ့ ကျောင်းပါ။ ကျောင်းဆောင်ထဲမှာ တစ်ဝက်ကို သစ်သားခင်းထားပြီး ကျန်တစ်ဝက်ကို အုတ်အကြမ်းခင်းထားပါတယ်။ ပန်းရံမလုပ်ဖူးတဲ့ လက်သမား ကရင်နဲ့ အကိုကြီးတို့ရဲ့ လက်ရာပါ။ အလှူရှင်စာရင်းကို အလှူရှင်ကဏ္ဍ၌ ကြည့်ရှုနိုင်ပါတယ်။ သစ်ရိပ်ဝါးရိပ်နဲ့ မနီးလို့ နေပူရင် အပူရှိန်များပြီး မိုးရွာရင် သွပ်အသံက စကားပြောလို့ မကောင်းပါဘူး။ ဒါကြောင့် သွပ်အမိုးပေါ်မှာ အပူခံ အစိမ်းရောင် အခင်းစများကို လွှမ်းပေးထားပါတယ်။ အတွင်းမှာ မျက်နှာကျက် ရှိတယ်။ ကုဋီ တစ်ခန်းနဲ့ ရေကန်ငယ်တစ်ခုကိုလည်း ထည့်သွင်းထားပါတယ်။
Monday, July 9, 2012
ဘက်စုံသုံး ရေတွင်း ရေကန်
စက်ရေတွင်းကို မိဘများအမှူးထား၍ မယုယုလွင် မိသားစုက တူးဖော်လှူဒါန်းထားတာ ဖြစ်ပါတယ်။ အနက် ပေ၂၇၀ လောက် တူးထားရပါတယ်။ ရေကောင်းရေသန့် ထွက်ပေမဲ့ ရေထွက်အား နည်းပါး ပါတယ်။ ရေကန်ကိုတော့ ရဟန်းဒါယကာမကြီး ဒေါ်သင်းသင်းဆွေ မိသားစုက လှူဒါန်းထားတာပါ။ ကျောင်းမြေအဖြစ် လှူဒါန်းပြီးချိန်မှာ ရေတွင်း အလှူရှင်က ကိုယ်တိုင်ဦးစီးပြီး အကောင်အထည် ဖော်လိုက်တာပါ။ ရေကန်ကလည်း ကျောင်းတိုက် စတည်ထောင်ချိန်မှာ ၀ါဆိုကျောင်းနဲ့အတူ မရှေးမနှောင်း ပေါ်လာတဲ့ အလှူများဖြစ်လို့ မြင်သူကြားသူအားလုံး ၀မ်းမြောက်ဖွယ်ရာအဖြစ် ဖော်ပြအပ်ပါတယ်။
Subscribe to:
Posts (Atom)