Thursday, June 21, 2012

ဓမ္မရတနာ ဇေယျာရွှေမြေသိမ်ကျောင်း ဇွန်လ ၂၁ ရက်နေ့ အခြေအနေ

ဇွန်လ ၂၁ ရက်
 နှောင့်နှေးမှုအချို့ ရှိနေလို့ တဖြေးဖြေးပဲ သွားနေပါတယ်။ဘုရားခန်း မျက်နှာကျက်ကို စလက်သား ထူထူ  လောင်းထားပါတယ်။ စလက်ပေါ်မှာ စေတီငယ် ပေါက်ဦးမှာပါ။ ခေါင်မိုးအတွက် အလယ်တိုင် ၃ ခုနဲ့ ထောက်မယ့်ပုံပဲ။ မုတ်သုန်မိုးကလည်း ကောင်းတယ်။ ဘဏ္ဍာရေးအခြေအနေက ချိန်းထားတဲ့အတိုင်း အချိန်မီ ဖြစ်မလာလို့ နည်းနည်း အခက်အခဲ ရှိသွားတယ်။

Friday, June 15, 2012

သိမ်အောင်စာ

သာသနာ ၂၅၅၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ပြာသိုလပြည့်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တိလောကရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက် အတွင်းရှိ ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် သိမ်အောင်စာ
                         လောကဂ္ဂ၀ါဏိမဏိသဇ္ဈုဗန္ဓနိ၊
                         ပုဏ္ဏိန္ဒုသိမဋ္ဌနိမိတ္တမာလိနိ။
                         ကာသာယပဇေ]္ဇာတသုဒိတ္တ ကောမုဒိ၊
                         ဇောတေတု စက္ကမ္ဗရ ဝေဂစာရိနီ။
လောကဂ္ဂ၀ါဏိမဏိသဇ္ဈုဗန္ဓနိ- သုံးလောကဘုံသူတို့သည် ကြည်ဖြူလေးမြတ် ဆည်းကပ်ပူဇော် အပ်သည် ဖြစ်၍ လောကသုံးပါးထက် မြတ်သော အစိန္တေယျ ဂုဏသခင် ရှင်တော်ဘုရား၏ ရွှေနှုတ်တော် တည်းဟူသော ကုမုဒြာ ကြာတိုက်တော်အတွင်းမှ သန့်ရှင်းသာယာ ထွက်ပြူလာသော ဥတ္တိဒုတိယ

၁၃၇၃ (၂၀၁၁) ခုနှစ် ၀ါဆိုသံဃာစာရင်း

ဝါဆိုသံဃာ (၃) ပါး
၁။ ဦးထေရာသဘ ၊ ၄၄ နှစ်၊ ၂၄ ၀ါ၊    ၁၄/ ဓနဖ(သ) ၀၀၀၆၆၁
၂။ ဦးက္ကဿရိယ   ၊ ၃၀ နှစ်၊   ၅ ၀ါ၊    ၁၄/ ဓနဖ(သ) ၀၀၁၃၅၅
၃။ ဦးပညာသိပ္ပ    ၊ ၂၃ နှစ်၊   ၂ ၀ါ၊    ၁၄/ ပသန(သ) ၀၀၂၈၆၆

ဓမ္မပါရဂူကျောင်းတိုက် ဆရာတော် ဦးထေရာသဘ အတ္ထုပ္ပတ္တိ


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊တိလောကရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက် ဆရာတော် ဦးထေရာသဘကို ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာနေ ခမည်းတော် ဦးစိန်မောင်၊ မယ်တော် ဒေါ်ဘီတို့မှ သက္ကရာဇ် ၁၃၂၉- ခုနှစ်၊ ၀ါဆိုလဆန်း (၉)ရက်၊ စနေနေ့၊ (၁၅-၇-၁၉၆၇) တွင် ဖွားမြင်တော် မူပါသည်။ မွေးချင်းငါးယောက်တို့တွင် ဒုတိယမြောက် သားရတနာ ဖြစ်ပြီး ငယ်နာမည်မှာ မောင်လေးနိုင် ဖြစ်ပါသည်။

ငယ်ရွယ်စဉ်က မော်လမြိုင်ကျွန်းမြို့ နေရှင်နယ်ကျောင်းတွင် မူလတန်းပညာအောင်ပြီး မော်လမြိုင်ကျွန်းမြို့

Thursday, June 14, 2012

လမ်းပိတ်ခြင်း

ဓမ္မပါရဂူကျောင်းတိုက် တည်ထောင်ရာတွင် အကူအညီပေးမှုများနှင့် အကူအညီမပေးသူများကို ကာလဒေသအလိုက် အခါအားလျှော်စွာ ကြုံတွေ့ခဲ့ရတယ်။ ဒါကတော့ လောကဓံတစ်မျိုးပါပဲ။
ကျောင်းတိုက်ကို တည်ထောင်စမှာ တချို့က ကိုယ့်အကျိုးစီးပွားနဲ့ယှဉ်ပြီး ဆက်ဆံကြတယ်။ တချို့က သာသနာ့အကျိုးစီးပွားနဲ့ယှဉ်ပြီး ကူညီကြတယ်။ တချို့က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးလို့ ပူးပေါင်း ဆောင်ရွက်ပေးကြတယ်။