Tuesday, May 29, 2012

ကျောင်းတိုက်အတွင်း သန့်စင်ခန်းများ ဆောက်လုပ်လှူဒါန်းဖို့ စီစဉ်

ဓမ္မပါရဂူကျောင်းတိုက်အတွင်း ဧည်သည်များ အာဂန္တုရဟန်းများ ကြွရောက်လာတဲ့အခါ အသုံးပြုနိုင်ရန် အခန်း ၄ ခန်းပါ သန့်စင်ခန်း ကို မေလ ၂၃ ရက်နေ့တွင် စတင်ဆောက်လုပ်နေပါပြီ။ ကျောင်းဒါယကာထက် သန့်စင်ခန်း ဒါယကာ ပြုလုပ်ချင် သူက ရှားပါးလှပေရာ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုသဖြင့် ယခုအခါ ကုဋီ ၃ ခန်း၊ ရေချိုးခန်း ကုဋီ(ဘိုထိုင်) တွဲ၍ ၁ ခန်း၊ စုစုပေါင်း ၄ခန်းကို ဘုရားကျောင်းရဟန်း ဒါယကာမကြီး ဒေါ်မွေ့ မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟများ စုပေါင်း ၍ ဆောက်လုပ်လှူဒါန်းကြပါမည်။ ခန့်မှန်း ကုန်ကျစရိတ် ၂၇ သိန်းခန့် ဖြစ်ပါသည်။ စေတနာရှင်များ  ထပ်မံပေါ်လာပါ က နောက်ထပ် ကုဋီ ၃ ခန်း (တစ်ခန်းလျှင် ၄သိန်းခန့်)ကို ဆက်လက် ဆောက်လုပ်မည် ဖြစ်၍ စိတ်ပါဝင်စားသူ ပါရမီရှင်များ ဓမ္မပါရဂူကျောင်းတိုက်သို့ ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။

ဓမ္မရတနာ ဇေယျရွှေမြေသိမ်ကျောင်း မေလ ၂၃ ရက်နေ့ အခြေအနေ

မေလ ၂၀ ရက် မှ မေလ ၂၃ ရက်
လှေကား အတွက် အောက်ခြေ

Friday, May 11, 2012

ဓမ္မရတနာ ဇေယျရွှေမြေသိမ်ကျောင်း မေလ ၁၁ ရက်နေ့ အခြေအနေ

စလက် လောင်းဖို့ ပြင်ဆင်နေတုန်းပါပဲ။ သစ်က မစုံသေးဘူး။
သံကို အပေါ်ရောက်မှ ပြင်ရတယ်။ နှောင့်နှေးမှုတွေ ရှိပါတယ်။