Saturday, December 10, 2011

ဓမ္မပါရဂူတံတား မှတ်စု

  • ၃၀-၁၁-၂၀၁၁... ဗုဒ္ဓဟူးနေ့ ညနေ ၄း၃၀ တွင် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပွဲ ပြုလုပ်။
  • ၉-၁၂-၂၀၁၁.....အလှူရှင် ဦးသိန်းဆောင်+ဒေါ်ထွေးတင် သမီး မသိန်းသိန်းမြင့် မိသားစုက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုနှင့် ကန်တရိုက်စာချုပ် ချူပ်ဆို။ ကုန်ကျစရိတ် တစ်ဝက်ကို ချေ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဝင်းနှင့် ရပ်မိရပ်ဖများ တက်ရောက်။
  • ၁၀-၁၂-၂၀၁၁..ပနက်တင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ စတင်။ ကိုဝင်းထွဋ် က ဧည့်သည် ၃၀ ခန့်အား နေ့လည်စာဖြင့် ဧည့်ခံ။
  • အောက်ခြေ (footing) ပိုင်းကို စတော့ ရေတော်တော်ထွက်တယ်။ ကွန်ကရစ်ကို အခြောက် လောင်းတာ အခုမှပဲ မြင်ဖူးတော့တယ်။ အောက်ခြေ ၈ လက်မ၊ ပြီးတော့ အပေါ်မှာ ဖိနပ်နဲ့ ၆ လက်မ ထု လောင်းတယ်။
  • ဒီဇင်ဘာ ၂၃ မှာ တိုင်ခြောက်တိုင်ကို ၅ပေ လောက်အထိ လောင်းပြီးသွားပြီ။ သဲဈေးတွေ သုံးကျင်းကို ၈သောင်းဝန်းကျင်လောက် ရှိနေတယ်။

Monday, December 5, 2011

အင်းလေးအလှ တွေးဆဖွယ်ရာ

ဖန်တီးသူက တခြား၊ ခံစားသူက တခြား ဖြစ်နေသလိုပဲ
  • အင်းလေးကို ဒီတစ်ခေါက်ရောက်တော့ စိတ်ထဲမှာ စဉ်းစားမိလာတယ်။
  • လှေကလေးတွေကို ခြေနဲ့လှော်တဲ့ပုံရိပ်မျိုးဟာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ဓလေ့ထုံးစံဖြစ်လို့ အင်လေးရဲ့ ကိုယ်ပိုင်အမှတ်အသားလို့ ပြောနိုင်ပါတယ်။ အင်းသူအင်းသားများ အသုံးပြုတဲ့ လှေကလေးတွေကလည်း ဒေသနဲ့ကိုက်ညီအောင် ဖန်တီးထားတဲ့ ကိုယ်ပိုင်ပုံဟန်၊ ကိုယ်ပိုင်စတိုင်တွေပါပဲ။ ဒါတွေကို ပြည်တွင်းပြည်ပ ခရီးသွားဧည်သည်တွေက အမှတ်တရအဖြစ် ဓာတ်ပုံများ ရိုက်ယူကြတယ်။ ဧည်သည်အကြိုက် ပုံရိပ်များပေါ့။
  • အကယ်၍များ အင်းသူအင်းသားတွေ စီးပွားရေးအခြေအနေတိုးတက်လာရင် ဒီလိုလှေကလေးတွေကို အသုံးပြုကြဦးမှာလား။ ခြေထောက်တွေနဲ့ လှော်ကြခတ်ကြဦးမှာလား။
  • တကယ်တော့ သူတို့တွေ အင်းရေပြင်ပေါ်မှာ ခြေထောက်နဲ့ လှော်ခတ်ပြနေကြတာဟာ အလှအပ ပြနေကြတာ မဟုတ်ပါဘူး။ လှေပေါ်မှာ အုပ်ဆောင်းဆောင်ပုံကို

Wednesday, November 30, 2011

ဓမ္မပါရဂူတံတား အန္တရာယ်ကင်း ပရိတ်ရွတ်

ဓမ္မပါရဂူတံတား အန္တရာယ်ကင်း ပရိတ်ပွဲ
ဓမ္မပါရဂူကျောင်းတိုက် အ၀င်လမ်းရှိ ချောက်ကမ်းပါးကို ကျော်ဖြတ်၍ ပေ၄၀၊ သံကူကွန်ဂရစ်တံတား တည်ဆောက်မည်ဖြစ်ရာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် ၊ ဗုဒ္ဓဟူးနေ့ ညနေ ၄း၃၀ တွင် တံတား တည်ဆောက်မည့်နေရာ၌ ပရိတ်မေတ္တာဘာဝနာ စည်းဖြန်းခြင်းကို ပြုလုပ်ခဲ့ပါသည်။

Saturday, November 26, 2011

စွယ်တော်လေးဆူ ရှိခိုး ဂါထာ ပါဌ် အနက်

ဒက္ခိဏုပရိမာ ဒေဝေ ၊ နာဂေ ဒက္ခိဏ ဟေဋ္ဌိမာ။
ဝါမုပရိမာ ဂန္ဓာရေ ၊ သီဟဠေ ၀ါမ ဟေဋ္ဌိမာ။
ဗုဒ္ဓဿ စတုရော ဒါဌာ ၊ အဟံ ၀န္ဒာမိ ဒူရတော။