Sunday, November 18, 2012

ဒုတိယအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲ

တစ်ညလုံး သံဃာအပါး(၂၀)အတွက် အရုဏ်နေ့ဆွမ်းကပ်ဖို့၊ လူ (၃၀၀)လောက် ဧည့်ခံဖို့ စီစဉ်ကြတယ်။ သီးစုံဒံပေါက်က စားရတာ ကောင်းပေမဲ့ လုပ်ရတာ လက်ဝင်ပုံပေါ်ပါတယ်။ ရေခဲမုန့်ကို လှူချင်သူက အခွက် ၄၀၀ လောက်မှာတယ်။ တော်တော်ကြိုက်ကြပုံပေါ်တယ်။ ဘုန်းကြီးပွဲတောင် မနည်း ချန်လိုက်ရတယ်။ ငှက်ပျောရွှေကြည် ခုနစ်ဘန်းဆို မကုန်လောက်ဘူးလို့ထင်ထားတာ။ အချိန်တန်တော့ လည်း ကုန်သွားတာပါပဲ။ တကယ်တော့ သံဃာ့ကိစ္စနဲ့ဧည်ခံရတဲ့ကိစ္စကို နေရာစုံဒေါင့်စိအောင်လုပ်ရတာ မလွယ်လှပါဘူး။ မပြည့်စုံမှုတွေကြားမှာ အဆင်ပြေအောင်လုပ်သွားကြတာပါ။ အဆင်ပြေတာကို ပီတီဖြစ်ကြ၊ အဆင်မပြေတာကို နောက်နှစ်ဒီလိုမဖြစ်အောင် လုပ်မယ်..တဲ့။ နောက်မဆုတ်တဲ့ ခြေလှမ်းများ ပိုင်ရှင်တွေလို့ပဲ ပြောလိုက်ချင်မိပါရဲ့။



ရပ်နီးရပ်ဝေးက စေတနာရှင်များက ပုံစံအသီးသီးနဲ့ လာရောက်ကြပါတယ်။ ကိုယ့်စိတ်ဆန္ဒအတိုင်း လှူဖွယ်များ သင်္ကန်းများ ယူဆောင်လာကြပါတယ်။ ကျောင်းထဲမှာ မနေ့ညကအထိအောင် ဆူညံမှု မဖြစ်အောင် အသံချဲ့စက်ကို စီမံမထားခဲ့ပါဘူး။ ရေစက်ချတရားနာချိန်မှာ Sound Box အသေးစား တစ်ခု စီစဉ်မယ်ဆိုပြီး ကမ္ဘာအေးကို ပြန်ခဲ့ပါတယ်။ မနက်မိုးလင်း ကျောင်းကိုပြန်ရောက်တော့ အသံချဲ့စက်နဲ့ Sound Box တစ်စုံက ဓမ္မတေးသံများနဲ့ ကြိုဆိုနေလေရဲ့။ အော်..၀ါသနာ ပါကြတာကိုး။
အနီးနားက ရပ်ကွက်တွေက ပဒေသာပင် လာပို့တော့လည်း လှည်းပေါ်မှာ အသံချဲ့စက်နဲ့၊ မီးစက်နဲ့ မြူးမြူး ကြွကြွ ကတာရှိသလို ရှမ်းအိုးစည်နဲ့ လာတဲ့အဖွဲ့ကလည်း ရှိသေးတယ်။ မြို့ထဲကလာတဲ့ ဒါယကာမတွေ အမျိုး စုံတယ်လို့ ပြောရမယ်။ သူတို့ကလည်း အားကျမခံဘူး။ လှတဲ့သူတွေ လှကြသလို..ရွတဲ့သူတွေလည်း ရွကြတယ်...အဲလေ.. ကတဲ့သူတွေလည်း က ကြပါတယ်။






သိမ်ကျောင်းအောက်ထပ်မှာ ကြီးငယ်မရွေး ရောက်လာသူအားလုံးကို ဧည့်ခံပါတယ်။



မြန်မာစာဌာန ဌာနမှူးဆရာတော် မှ ကထိန်အနုမောဒနာ ရေစက်ချတရား ဟောကြားပေးပါတယ်။ အကြောင်းအရာတွေက အတော်စုံတာမို့ တရားနာသူအားလုံး ဓမ္မသုတ တော်တော်ရလိုက်ကြပါတယ်။ ဘုန်းကြီးတွေဖက်က ပေးနိုင်တာ ဒါပဲရှိတာမို့ ဒါကိုပဲ အပြည့်အ၀ပေးလိုက်ရမယ်လို့ ယူဆပါတယ်။




ဒါယကာဒါယကာမများကိုယ်စား မယ်တော်ကြီးမှ ကထိန်ဥတ်သင်္ကန်း ဆက်ကပ်ပေးပါတယ်။ ကုသိုလ်ရှင်များ ကိုယ်တိုင်ကိုယ်ကျ မကပ်လိုက်ရလို့ အားငယ်စရာ မဟုတ်ပါဘူး။ ကထိန်ရဲ့သဘောက ဘယ်သင်္ကန်းကိုပဲ ကပ်ကပ် သံယိက ဖြစ်အောင် ကပ်နိုင်ဖို့ လိုအပ်ပါတယ်။









ကထိန်ခင်းဖို့ မပြီးသေးတဲ့ သိမ်ကျောင်းအောက်ထပ်မှာ စီစဉ်ရပါတယ်။ ခံ.ရွေး.ပေးနှင်း.စွန့်.ထိုးခြင်း. တင်.ခင်း.နုမောဒနာဆိုတဲ့ ၀ိနည်းကံအတိုင်းဆောင်ရွက်ပြီး ကထိန်ခင်းရပါတယ်။ (ခံ=ကထိန်သင်္ကန်းကို အလှူခံရတယ်။ ရွေး= ကထိန်ခင်းမယ့်ရဟန်းကို ရွေးရပါတယ်။ ပေးနှင်း= ရွေးလိုက်တဲ့ရဟန်းထံ ကထိန်သင်္ကန်းကို ဥတ်ကမ္မ၀ါစာနဲ့ ပေးအပ်ရပါတယ်။ စွန့်=အဓိဋ္ဌာန်ထားတဲ့သင်္ကန်းဟောင်းကို အဓိဋ္ဌာန် ထားခြင်းမှ စွန့်ရပါတယ်။ ထိုးခြင်း= သင်္ကန်းထောင့်အစွန်းမှ ဗိန္ဓုအစက်အပျောက်ကို ထိုးရပါတယ်။ တင်= ကထိန်သင်္ကန်းကို အဓိဋ္ဌာန်တင်ရပါတယ်။ ခင်း= ထိုကထိန်သင်္ကန်းဖြင့် ကထိန်ခင်းရပါတယ်။ နုမောဒနာ = အခြားဝါဆိုသံဃာများအားလုံး အနုမောဒနာပြုကြရပါတယ်။

သိမ်ဆင်းလောင်းလှူတဲ့ မှတ်တမ်းတချို့

ခမည်းတော်ကြီးရဲ့ ၂၁ ၀ါမြောက် ကထိန်ပါ။
ဆွမ်းခဲဖွယ် ဘောဇဉ်များ







ကျောင်းမြေအလှူရှင် ဒါယကကြီး ဦးဘဟိန်းနှင့် ၀မ်းမြောက်ဖွယ် စကားစမြည်များ



မယ်တော်ကြီး ဒေါ်ဘီ

Saturday, November 17, 2012

အမည်ပေါက်မြေအမည် လှူဒါန်းခြင်း

ဓမ္မပါရဂူကျောင်းတိုက်တည်ထားကိုးကွယ်နိုင်ရန် ဒါယကာကြီး ဦးဘဟိန်း+ဒါယကာမကြီး ဒေါ်ဋ္ဌေးဋ္ဌေး မိသားစုနှင့် ဒါယကာကြီး ဦးမောင်မောင်သန်း + ဒါယကာမကြီး ဒေါ်ဥမ္မာဟိန်း မိသားစုတို့က 1.85 ဧက ပမာဏရှိသောကျောင်းမြေကို လှူဒါန်းခဲ့ပါသည်။
ထိုမြေတို့သည် မြေတိုင်းစာရင်းတွင် ဦးညွှန့်မောင်+ဒေါ်သန်းခင်တို့ အမည်ဖြင့် အမည်ပေါက်သော မြေများ ဖြစ်သဖြင့် ရုံးကိစ္စစီစဉ်ရာတွင် အဆင်ပြေချောမွေ့စေရန် ကျန်ရစ်သူ သားသမီးများဖြစ်ကြသော (ဦးအေးသောင်)+ဒေါ်စောရှင်၊ ဦးတင်ရီ+ဒေါ်ခင်စန်းကြူ၊ ဦးထွန်းမြင့်+ဒေါ်ညွန့်ညွန့်စိန်တို့က အမည်ပေါက်မြေအမည်ကို ဓမ္မပါရဂူကျောင်းတိုက်အား (17-11-2012) နေ့တွင် လှူဒါန်းကြပါသည်။ ဦးညွန့်မောင်+ဒေါ်သန်းခင်တို့၏ သားသမီးများမှာ ဦးအေးသောင်၊ ဒေါ်ခင်စန်းကြူ နှင့် ဒေါ်ညွန့်ညွန့်စိန်တို့ ဖြစ်ကြပါသည်။

 ဒေါ်စောရှင်၊ ဒေါ်ခင်အေးကြူ၊ ဒေါ်ညွန့်ညွန်စိန်၊ ကိုသိုက်(ကိုသန်းကျော်အေး)၊ မကလျာထွေးတို့က စာချုပ်စာတမ်းကို လှူဒါန်းစဉ်

Saturday, November 10, 2012

ကိုကျော်ထင်(ထိုင်ဝမ်) လာရောက်လှူဒါန်းသော အလှူစာရင်း

ချမ်းမြေ့ဆရာတော်ကြီး ထိုင်ဝမ်ကို ကြွရောက်ဖို့ ဗီဇာကိစ္စစီစဉ်ရင်း ရောက်လာတဲ့ ကိုကျော်ထင်က ဓမ္မပါရဂူကျောင်းတိုက်အတွက် လှူဖွယ်များ (2-11-2012)မှာ လာအပ်နှံပါတယ်။ အဲဒီစာရင်းကို ၀မ်းမြောက်ဖွယ်ရာအဖြစ် ဖော်ပြလိုက်ပါတယ်။

ရေချိုးခန်းကုဋီ(အပေါ်ထပ်) အတွက် အလှူငွေ (၁၀) သိန်း၊
အဖဦးသိန်းအောင်+အမိဒေါ်တန်ပိုးတီကိုအမှူးထား၍ သမီး မဇင်မာသူ၊မရင်ရင်ရွှေ၊ သား မောင်ကျော်ဦး၊ မောင်သိန်းထွန်း ကောင်းမှု (ထိုင်ဝမ်)။

ရေချိုးခန်းကုဋီ(အောက်ထပ်) အတွက် အလှူငွေ (၈)သိန်း၊
အဖ ဦးညို+ အမိ ဒေါ်တင်ရွှေကိုအမှူးထား၍ ကိုရောင်ခြည်+မသန်းသန်းအေး(သမီး) မိသားစု ကောင်းမှု (ထိုင်ဝမ်)။

အဋ္ဌကထာ နိဿယ စာအုပ် (၁၅)အုပ် အတွက် အလှူငွေ (၁၅၀၀၀၀) ကျပ်၊
Yuru Lee (Taiwan)

တိပိဋကပါဠိမြန်မာအဘိဓာန်၂၂အုပ်နှင့်အခြားစာအုပ်များအတွက် အလှူငွေ (၂၈၅၀၀၀) ကျပ်၊
ကိုကျော်ထင် (ထိုင်ဝမ်)။

ပါကေး/ကြွေပြားအတွက် ၂ သိန်း အလှူရှင်များ
မသန်းသန်းဋ္ဌေး၊ (ထိုင်ဝမ်)
ကိုမျိုးမြင့်ဦးနှင့်မအေးအေးလွင် မိသားစု၊ (ထိုင်ဝမ်)

ပါကေး/ကြွေပြားအတွက် ၁ သိန်းအလှူရှင်များ
ဦးမျိုးမြင့် (ထိုင်ဝမ်)
ဒေါ်ခင်ထွေး (ထိုင်ဝမ်)
ကိုချိုးဂျွင့်တယ် (ထိုင်ဝမ်)
မောင်ချိုးအိမင် (ထိုင်ဝမ်)
မရီရီဝင်း မိသားစု (ထိုင်ဝမ်)
Chien Cheng Chun (Taiwan)
ဒေါ်ရီ (ခေါ်) ပြားလေး မိသားစု (စင်္ကာပူ)
Huang Wu Su Yun , Huang Mei Lin, Huang Mei Chuan (Taiwan) 85500 Ks
ဒေါ်ခင်ပြုံးမော် မိသားစု (ထိုင်ဝမ်) ၅၅၀၀၀ ကျပ်
အလှူရှင် တစ်ဦး US 100

11-11-12 အမှတ်တရ

၂၀၁၂ ခုနှစ် ၁၁ လပိုင်း ၁၁ ရက်၊ (၁၁.၁၁.၁၂)။ နောက်ဒီဇင်ဘာလဆို (၁၂.၁၂.၁၂)လာမယ်။


ကထိန်နီးပြီမို့ ရှင်းကြလင်းကြပေါ့။တန်ဆောင်မုန်းလဆန်း (၅)ရက်၊ ၁၈-၁၁-၂၀၁၂ တနင်္ဂနွေနေ့မှာ ကထိန် ခင်းမယ်။ ဒုတိယအကြိမ် ဘုံကထိန်ပါ။



အောက်ထပ်မှာ Toping လောင်းထားတယ်။ ကိုကျော်ထင်(ထိုင်ဝမ်)နှင့် ဓမ္မမိတ်ဆွေများက ကြွေပြားခင်းဖို့ လှူထားပါတယ်။ ကထိန်ကျရင် ဒီမှာပဲ တရားနာရမှာမို့ ကထိန်ပြီးမှ ကြွေပြားခင်းမယ်။

မဂ္ဂင်ရှစ်ပါးပလ္လင် ။ ဒေါ်ညက် သမီး မတင်တင်အေး မိသားစု။ သင်္ကန်းကွန်း


အောက်ထပ်က ရေချိုးခန်းကုဋီ  ဦးညို+ဒေါ်တင်ရွေအမှူထား၍ ကိုရောင်ခြည်+မသန်းသန်းအေး(သမီး) မိသားစုကောင်းမှု၊ ထိုင်ဝမ်




အပေါ်ထပ် ရေချိုးခန်းကုဋီ ဦးသိန်းအောင်+ဒေါ်တန်ပိုးတီအမှူးထား၍ သမီး မဇင်မာသူ၊ မရင်ရင်ရွှေ၊ သား မောင်ကျော်ဦး၊ မောင်သိန်းထွန်း မိသားစု ကောင်းမှု၊ ထိုင်ဝမ်


အောက်ထပ် ပြတင်းတံခါးများကို ဆရာနန္ဒာသိန်းဇံကို ရည်စူးပြီး ဆွေမျိုးများက လှူထားတာပါ။


ဘုရားခန်းပါ။ အောက်ဖက်မှာ တံခါးပေါက် လေးရွက်တပ်ဆင်ပြီး ဘီဒိုလို သုံးလို့ရအောင် လုပ်မယ်။

ဘုရားခန်းဘေးမှာ နံရံကပ်စာအုပ်စဉ်လုပ်ဖို့ပါ။ အဲဒီပုံစံ လေးခု လုပ်ဖို့ စီမံထားတယ်။


အိပ်ခန်းနှင့်ကပ်လျက် စာအုပ်စဉ် တွဲယှက်ပေါ့။


အိပ်ခန်း