Monday, July 9, 2012

ဘက်စုံသုံး ရေတွင်း ရေကန်

စက်ရေတွင်းကို မိဘများအမှူးထား၍ မယုယုလွင် မိသားစုက တူးဖော်လှူဒါန်းထားတာ ဖြစ်ပါတယ်။ အနက် ပေ၂၇၀ လောက် တူးထားရပါတယ်။ ရေကောင်းရေသန့် ထွက်ပေမဲ့ ရေထွက်အား နည်းပါး ပါတယ်။ ရေကန်ကိုတော့ ရဟန်းဒါယကာမကြီး ဒေါ်သင်းသင်းဆွေ မိသားစုက လှူဒါန်းထားတာပါ။ ကျောင်းမြေအဖြစ် လှူဒါန်းပြီးချိန်မှာ ရေတွင်း အလှူရှင်က ကိုယ်တိုင်ဦးစီးပြီး အကောင်အထည် ဖော်လိုက်တာပါ။ ရေကန်ကလည်း ကျောင်းတိုက် စတည်ထောင်ချိန်မှာ ၀ါဆိုကျောင်းနဲ့အတူ မရှေးမနှောင်း ပေါ်လာတဲ့ အလှူများဖြစ်လို့ မြင်သူကြားသူအားလုံး ၀မ်းမြောက်ဖွယ်ရာအဖြစ် ဖော်ပြအပ်ပါတယ်။

ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း အပေါ်ထပ် ကွန်ဂရစ်လောင်းပြီ

ဇူလိုင် ၇ ရက်၊ စနေနေ့မှာ အပေါ်ထပ်လောင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ငှားထားတဲ့ အုန်းမွှေးလုံးခေါ် ကွန်ဂရစ်ဖျော်စက်က သိပ်အဆင်မပြေ၊ စက်ကလည်း သိပ်မကောင်းတာမို့ အချိန်စောင့်နေရတယ်။ သံခင်းထားတာက သိမ်ကျောင်းထက် ပိုသုံးထားပါတယ်။

သံခင်းထားမှု အခြေအနေ

Tuesday, July 3, 2012

သန့်စင်ခန်းများ ဆောက်လုပ်ပြီးစီး

ဓမ္မပါရဂူကျောင်းတိုက်အတွင်းတွင် လေးခန်းတွဲသန့်စင်ခန်းများ ဆောက်လုပ်ပြီးစီးသွားပါပြီ။ ဆေးသုတ်ခြင်းလုပ်ငန်း အားလုံးပြီးစီးသွားပါပြီ။ သုံးခန်းမှာ ကုဋီသုံးရန်ဖြစ်ပြီး ကျန်တစ်ခန်းမှာ ကုဋီနှင့်ရေချိုးခန်း တွဲသုံးနိုင်ရန် စီစဉ်ထားပါတယ်။ အလှူရှင်မှာ ရန်ကုန်မြို့မှ ဘုရားကျောင်းရဟန်းဒါယကာမကြီး ဒေါ်မွေ့မိသားစု ဖြစ်ပါတယ်။ အလှူရှင်မိသားစုများ၏ စီမံ ဆောင်ရွက်ထားမှုကို ၀မ်းမြောက်ဖွယ်ရာအဖြစ် ဖော်ပြအပ်ပါတယ်။
ဆေးသုတ်ပြီးသွားသော သန့်စင်ခန်းများ


ဆေးမသုတ်မီ အခြေအနေ

ဓမ္မဗျူဟာ စံကျောင်းဆောင် ဇူလိုင်လ ၃ ရက် အခြေအနေ

ဓမ္မဗျူဟာ မင်္ဂလာစံကျောင်းကို ဇွန်လ ၂၅ ရက်နေ့လောက်ကစပြီး အလုပ်ပြန်စနေပါပြီ။ သိမ်ကျောင်းဖက် မှာ ယူသုံးထားတဲ့ သံချောင်းများကို ပြန်လည်ဖြည့်တင်းရတယ်။ ပြန်သုံးလို့ရတဲ့ ပစ္စည်းများကို ပြန်သုံးဖို့ စီမံရသလို ပြန်သုံးလို့မရတော့တဲ့ ငါးထပ်သား ၂၇ ချပ်၊ သုံးတစ်+သုံးနှစ်သစ်သား ၃ သိန်းဖိုးလောက် ထပ်ရှာရတယ်။ ဒီရက်အတွင်းမှာ ပစ္စည်းဖြည့်တင်းခြင်း ၁၅ သိန်းခန့်ဖြစ်ပြီး၊ ရန်ကုန်နဲ့ဓနုဖြူ  ကျောင်းအလှူ သိန်း ၂၀ လောက်ဝင်လာပါတယ်။ ၀ါမဆိုခင် မိုးထဲရေထဲ အကြမ်းထည်ပြီးအောင် အမြန်စီစဉ်နေပါတယ်။ ဇူလိုင် ၆ရက် ၇ရက်လောက်ဆိုရင် အပေါ်ထပ်စလက်လောင်းမယ်။ အပေါ်ထပ်တိုင်များကို တစ်ဆက်တည်း ဆက်လုပ်ဖို့ စီစဉ်နေပါတယ်။ ၀ါဆိုအမှီ သံဃာတချို့သီတင်းသုံးနိုင်အောင် ကြိုးစားနေကြပါတယ်။
ဇွန်လ ၂၅ ရက်နေ့လောက်က ဓမ္မဗျူဟာ စံကျောင်း ပြန်စနေပါပြီ။

ဓမ္မရတနာ ဇေယျာရွှေမြေသိမ်ကျောင်း ဇူလိုင် ၃ ရက်နေ့ အခြေအနေ


ဘေးပတ်လည် အုတ်စီခြင်း လုပ်ငန်း