မူလစာမျက်နှာ
သတင်း
ဓါတ်ပုံ
တွေးမိတွေးရာ
အထွေထွေ
ဆက်သွယ်ရန်
အလှူရှင်များ
Friday, June 15, 2012
၁၃၇၃ (၂၀၁၁) ခုနှစ် ၀ါဆိုသံဃာစာရင်း
ဝါဆိုသံဃာ (၃) ပါး
၁။ ဦးထေရာသဘ ၊ ၄၄ နှစ်၊ ၂၄ ၀ါ၊ ၁၄/ ဓနဖ(သ) ၀၀၀၆၆၁
၂။ ဦးက္ကဿရိယ ၊ ၃၀ နှစ်၊ ၅ ၀ါ၊ ၁၄/ ဓနဖ(သ) ၀၀၁၃၅၅
၃။ ဦးပညာသိပ္ပ ၊ ၂၃ နှစ်၊ ၂ ၀ါ၊ ၁၄/ ပသန(သ) ၀၀၂၈၆၆
ဓမ္မပါရဂူကျောင်းတိုက် ဆရာတော် ဦးထေရာသဘ အတ္ထုပ္ပတ္တိ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊တိလောကရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက် ဆရာတော် ဦးထေရာသဘကို ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာနေ ခမည်းတော် ဦးစိန်မောင်၊ မယ်တော် ဒေါ်ဘီတို့မှ သက္ကရာဇ် ၁၃၂၉- ခုနှစ်၊ ၀ါဆိုလဆန်း (၉)ရက်၊ စနေနေ့၊ (၁၅-၇-၁၉၆၇) တွင် ဖွားမြင်တော် မူပါသည်။ မွေးချင်းငါးယောက်တို့တွင် ဒုတိယမြောက် သားရတနာ ဖြစ်ပြီး ငယ်နာမည်မှာ မောင်လေးနိုင် ဖြစ်ပါသည်။
ငယ်ရွယ်စဉ်က မော်လမြိုင်ကျွန်းမြို့ နေရှင်နယ်ကျောင်းတွင် မူလတန်းပညာအောင်ပြီး မော်လမြိုင်ကျွန်းမြို့
Read more »
Thursday, June 14, 2012
လမ်းပိတ်ခြင်း
ဓမ္မပါရဂူကျောင်းတိုက် တည်ထောင်ရာတွင် အကူအညီပေးမှုများနှင့် အကူအညီမပေးသူများကို ကာလဒေသအလိုက် အခါအားလျှော်စွာ ကြုံတွေ့ခဲ့ရတယ်။ ဒါကတော့ လောကဓံတစ်မျိုးပါပဲ။
ကျောင်းတိုက်ကို တည်ထောင်စမှာ တချို့က ကိုယ့်အကျိုးစီးပွားနဲ့ယှဉ်ပြီး ဆက်ဆံကြတယ်။ တချို့က သာသနာ့အကျိုးစီးပွားနဲ့ယှဉ်ပြီး ကူညီကြတယ်။ တချို့က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးလို့ ပူးပေါင်း ဆောင်ရွက်ပေးကြတယ်။
Read more »
စက်ရေတွင်း ထပ်မံတူးမည်
ဓမ္မပါရဂူကျောင်းတိုက်အတွင်း လက်ရှိအသုံးပြုနေသော စက်ရေတွင်းသည် နွေရာသီတွင် ရေထွက် နည်းပါးလာပါသည်။ အနက် ပေ၂၇၀ ခန့်တူးထားသော ထိုရေတွင်းမှ ရေကောင်းရေသန့် ထွက်သော်လည်း ရေထွက် နည်းပါးသောကြောင့် နောက်ထပ် စက်ရေတွင်း တစ်တွင်း တူးဖော်လှူဒါန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကနဦး တူးဖော်မှုအဆင့်ကို စတင်နေပြီဖြစ်ပြီး အလှူရှင်များမှာ ရဟန်းဒါယကာ ဒေါ်သင်းသင်းဆွေမိသားစုနှင့် ကိုဖိုးတိ+မသန်းသန်းအေး မိသားစု တို့ဖြစ်ပါသည်။
Monday, June 4, 2012
ဓမ္မရတနာ ဇေယျာရွှေမြေသိမ်ကျောင်း ဇွန်လ ၄ ရက်နေ့ အခြေအနေ
ဇွန်လ ၃ ရက်နေ့မှာ အပေါ်စလက် ကျောက်ထုပ်များ ခွါလိုက်ပါတယ်။ ဆယ်ပေါက်အုပ်က ၂၂၀ လောက် ဖြစ်သွားလို့ အုတ်ချောအလှစီဖို့ အစီအစဉ်ဖျက်ပြီး ရိုးရိုးအုတ်ကို နှစ်ဖက်ချောဖို့ စီစဉ်လိုက်ပါတယ်။ အ၀င်အထွက် လမ်းပေးထားတဲ့ခြံက လမ်းမပေးတော့လို့ လုပ်ရကိုင်ရ၊ ပစ္စည်း ပို့ရချရတာ အခက်အခဲ အများကြီး ဖြစ်သွားပါတယ်။ မိုးက ဒီရက်ထဲမှာ နေ့တိုင်းနီးပါး ရွာပါတယ်။
အောက်ထပ်မှာ သုံးပေ အမြင့်၊ ၄လက်မခွဲ အုတ်ရိုး စပြီ
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)