Friday, May 4, 2012

သင်္ကြန်အကျနေ့နဲ့ မုန့်လုံးရေပေါ်

၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ဟာ မြန်မာတို့ရဲ့သင်္ကြန်အကျနေ့ဖြစ်ပါတယ်။ အဲဒီနေ့မနက်ပိုင်းက  ထောက်ကြန့်ဓမ္မပါရဂူကျောင်းတိုက်မှာ မုန့်လုံးရေပေါ် ကျွေးပါတယ်။
အလှူရှင်က ကမ္ဘာအေး၊ အိမ်ရှင်မစတိုးက မလွင် ပါ။



ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း မတ်လ၂၈ ရက်နေ့ အခြေအနေ

အောက်ခြေတိုင်ခိုင်အောင် အုတ်ရိုး နှစ် ပေလောက်တက်ရတယ်

ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း မတ်လ ၂၃ ရက် အခြေအနေ

အောက်ခြေ Footing ကို ၃ပေ၊၄ပေ လောက် ချထားတယ်

ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း အုတ်မြစ်ချပြီ

ဦတေဇ၀န္တ(တရုတ်ပိန်)က ရွှေအုတ်ချပေးတယ်
 ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း အုတ်မြစ်ချခြင်းကို ၂၀၁၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းတွင် မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့်၊ တိလောကရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက်အတွင်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို သီတင်းသုံးဖော်များဖြစ်ကြတဲ့ ထောက်ကြန့် တောရကျောင်းက ဦးတေဇ၀န္တ(တရုတ်ပိန်)၊ ဦးကုသလ၊ မဟာဗောဓိကျောင်းက ဦးအာစိဏ္ဏ၊ သာသနာ့တက္ကသိုလ်က ဦးအဂ္ဂသီရီ တို့ လာအားပေးပါတယ်။ ရဟန်း ဒါယကာများနဲ့ အလှူရှင်တချို့လည်း ဒီပွဲကို တက်ရောက်အားပေးခဲ့ကြပါတယ်။
ဇယန္တော ဗောဓိယာမူလေ အောင်ပါစေကြောင်း ဆုမွန်တောင်း

ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း ပန္နက်ရိုက်



ဓမ္မပါရဂူကျောင်းတိုက်ဆရာတော် ဦးထေရာသဘ ပန္နက် စတင်ရိုက်စဉ်