Monday, November 4, 2013

ဗုဒ္ဓ၀ါဒဟာ religion တစ်ခုလား?

Is Buddhism a religion?
ဒီကနေ့ ဓမ္မစကူးလ်ဆရာတစ်ယောက် မေးလို့ Religion ဆိုတာကို ရှင်းပြခဲ့ပါတယ်။
ဆရာနန္ဒာသိန်းဇံ ပြောခဲ့တာလေးကို မှတ်မိသလောက်ပြောပြမိပါတယ်။ ကိုယ့်မှတ်စုထဲမှာ ရှိတာက

(၁)
Religion ဆိုတာ လက်တင်စကား Religio ဆိုတဲ့ဝေါဟာရက ဆင်းသက်လာတာ။ နတ်ဘုရားတွေနဲ့ လူ့ဝိညာဉ်တို့ ပြန်လည်ချည်နှောင်တဲ့သဘောကို religion လို့ခေါ်တယ်။ ( to bind back with gods and human soul.)

Religion ဆိုတာ လက်တင်စကား Religare မှဆင်းသက်လာတယ်လို့လည်းဆိုတယ်။ ထာဝရဘုရားနဲ့ ၀ိညာဉ်တို့ ပြန်လည်ပေါင်းဆုံချည်နှောင်တဲ့သဘောပါ။ (re= again, ligare= to bind ) to bind back with God and soul
ဆရာပြောပြတဲ့ နောက်ထပ်အဓိပ္ပာယ်နှစ်ခုရှိသေးတယ်။ ဒါကိုတော့ မရေးတော့ပါဘူး။         
(၂)
Collins COBUILD အဘိဓာန်မှာပြန်ကြည့်တော့ ဒီလို ဖွင့်တာတွေ့တယ်။
Religion is belief in a god or gods and the activities that are connected with this belief, such as praying or worshiping in a building such as a church or temple.
A religion is a particular system of belief in a god or gods and the activities that are connected  with this system.
ဒီဖွင့်ဆိုမှုကို လေ့လာကြည့်ရင် နတ်ဘုရား.ထာဝရဘုရားကို ယုံကြည်မှု၊ ဒီလိုယုံကြည်မှုနဲ့ဆက်စပ်တဲ့အပြုအမူများ ပြုလုပ်ခြင်းဟာ Religion လို့ဆိုရမှာပါ။
(၃)
နှစ်ဖက်လှဦးကျော်လွင်ရေးတဲ့ မျက်မှောက်ခေတ်ဘာသာရေးနှင့်ကျွန်ုပ်တို့၏သုံးသပ်ချက် စာအုပ်ထဲမှာတော့ ဒီလိုထုတ်ပြထားတာ တွေ့ရတယ်။
Religion: The recognition of supernatural powers and of the duty lying up man to yield obedience to these.
:The performance of our duties of love and obedience towards God.
:Belief in the existence of a supernatural ruling power. the Creator and controller of the universe, who has given to a man a spiritual nature which continues to exist after the death of the body.
အဓိပ္ပာယ်။  ။ရီလီဂျင်းဆိုသည်မှာ သာမန်လူသားတစ်ယောက် လက်ရှိကိုယ်ကာယဖြင့် တွေ့မြင်နိုင်သောဒြပ်ဝတ္ထုလောကထက်ကျော်လွန်နေသည့် အဖြစ်ထူး သနစ်ထူး လိုရာပြီးစေမှု စွမ်းရည်သတ္တိထူး စသော ပါဝါမျာကိုစွဲမှတ်ခံယူခြင်း။
ဂေါ့ဒ်(ထာဝရဘုရား)အား ရိုကျိုးမြတ်နိုးမှုဆိုင်ရာကျင့်ဝတ်များကိုပြုလုပ်ခြင်း.ယုံကြည်ခြင်း (၀ါ)အစစ်အမှန်ဟူ၍ခံယူခြင်း၊ ရုပ်နိယာမဖြစ်စဉ်နှင့်အလှမ်းကွာသော ဖြစ်ရပ်ဆိုင်ရာစိုးမိုးခြင်းပါဝါ၊ ကမ္ဘာလောကတစ်ခုလုံးကို ဖန်တီးဖြစ်ပေါ်စေသူ စိုးမိုးချုပ်ကိုင်နေသူ တည်ရှိနေသည်ဟု ယုံမှတ်ခံယူခြင်း။
ထိုအနန္တတန်ခိုးရှင်က လူသား၏သိမှုနှင့်ပတ်သက်တဲ့အရာ(၀ိညာဉ်)ကို ထည့်သွင်းပေးသနားသည့် ဆိုးလ် ခေါ်သော ထိုအရာသည် လူသား၏လက်ရှိကိုယ်ကာယအဆောက်အဦ သေဆုံးပျက်စီးပြီးနောက် ကမ္ဘာပျက်သည်အထိကျန်ရှိနေသောအချိန်ပိုင်းမှာ (နောက်ဘ၀မဟုတ်) သူ့ဟာသူ ဆက်လက်တည်ရှိနေသည်ဟု ထင်မြင်ခြင်း။...(စာ ၃၄-၃၅) လို့ ရေးထားပါတယ်။
ဝေါဟာရစကားအသုံးအနှုန်းကွဲသော်လည်း (၁)နဲ့(၂)အဓိပ္ပာယ်နဲ့ အတူတူပါပဲ။

ဒါဆိုရင် ဗုဒ္ဓ၀ါဒ၊ဗုဒ္ဓဘာသာဟာ Religion တစ်ခုလား (Is Buddhism a religion? ) လို့ မေးရင် ဘယ်လိုဖြေကြမလဲ။ မဟုတ်ဘူး (No) လို့ပဲ ဖြေရမှာပါ။
..ထို့ကြောင့် ဗုဒ္ဓ၀ါဒကို ဘယ်နည်းနှင့်မျှ ဘယ်အကြောင်းကြောင့်မှ Religion လို့ မဆိုနိုင်ပါဘူး..လို့ ဆရာတော်ဦးဥာဏိဿရကလည်း ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒစာအုပ်မှာ ဟောပြထားတာရှိတယ်။

ဗုဒ္ဓ၀ါဒ၊ဗုဒ္ဓဘာသာဟာ ဘယ်လိုReligion မျိုးလဲလို့ ကတ်သီးကတ်သတ် မေးလာရင်တော့ အဖြေရခက်နိုင်တယ်။ စဉ်းစားမိတာက ဗုဒ္ဓဘာသာကို မဖြစ်မနေ Religionတစ်ခုအဖြစ် သတ်မှတ်ချင်ရင်တော့ Religion ကို နောက်ထပ်အနက်အဓိပ္ပာယ်အသစ်တစ်ခု ထပ်မံဖွင့်ဆိုဖို့ လိုအပ်ပါလိမ့်မယ်။

ဒီအချက်နဲ့ပတ်သက်လို့ အကြံကောင်းများရှိရင်လည်း ဆွေးနွေးကြတာပေါ့။

လောလောဆယ် ဆရာတော်ဦးဥာဏိဿရရဲ့ အဆိုအမိန့်ကို လေ့လာကြည့်ပါဦး။
..“အကယ်၍ ဗုဒ္ဓ၀ါဒကို Religion လို့ဆိုရင်တော့ အခြားအခြားသော Religion မျိုး မဟုတ်ပါဘူးလို့ ဆိုချင်ပါတယ်။ Buddhist Religion သည်
(၁) အလွန်လေးနက်သောဘ၀အမြင်ကို ကောင်းစွာသင်ပြပေးသော  Religion တစ်ခုဖြစ်ပါတယ်။
(၂) ထိုလေးနက်သောဘ၀အမြင်ကို အခြေခံ၍ ဘ၀လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ကြိုးစား အားထုတ်ဖို့ လမ်းညွှန်ပေးသော Religion တစ်ခုလည်းဖြစ်ပါတယ်။
(၃) ကိုယ်တိုင်ကိုယ်ပိုင်အသိဥာဏ်ဖြင့် အားထုတ်သည့်အလျောက် အသိဥာဏ်များ တောက်ပြောင်ပွင့်လင်းလာအောင် သင်ပြပေးသော Religion လည်းဖြစ်ပါတယ်။
(၄)လူသားတို့ရဲ့ တန်ခိုးထက်လှစွာသော စိတ်စေတသိက်ကို စနစ်တကျ အသုံးချခွင့်ပေးသော Religion လည်းဖြစ်ပါတယ်။
(၅) ဘ၀နှင့်သေမင်းကို ရင်မဆိုင်ရဲသော သတ္တ၀ါတို့အား ရဲရဲရင့်ရင့်တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရဲအောင် သင်ပြသေးသော Religion လည်းဖြစ်ပါတယ်။”

ကဲ...ဒါဆိုရင် Religion ကို အဓိပ္ပာယ်အသစ် ထပ်မံမသတ်မှတ်ဘဲ မဖြစ်ဘူးဆိုတာ ပေါ်လွင်လာပါပြီ။
အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။

No comments:

Post a Comment