သတင်းထဲမှာ
ကောင်းတာက နည်းနည်း။
ကြားနေရတာက
မူးယစ်ဆေးတွေ ဖမ်းမိတယ်...
စိတ်ကြွဆေးတွေ ဖမ်းမိတယ်...
လူသတ်မှုတွေ ဖတ်ရတယ်...
မုဒိန်းမှုတွေ ဆက်တိုက်ပါတယ်...
လယ်လုပ်သူ လယ်ယာမဲ့တယ်..
အကျင့်ပျက်သူ ပေါလာတယ်...
ဗုံးဖောက်တာတွေ မနည်းတော့ဘူး...
အွန်လိုင်းမှာ အပြိုင်အဆိုင် အပုတ်ချနေတာ..
နယ်စပ်မှာ သူသေကိုယ်သေ တိုက်နေကြတာ..
မကြားချင်အဆုံး လိမ်တာ ညာတာ လှည့်ပတ်တာ..
ကြိုးနီစနစ်မှ ကြိုးကိုင်စနစ်ကို ကူးပြောင်းတာ...
အဲဒီ စုံစီနဖာ မကောင်းမှုတွေအတွက်
ဆေးမီးတိုနဲ့ မကုစားနိုင်ဘူး။
လူတွေရဲ့
Mind set ကို အမြန်ဆုံး ပြုပြင်မှ အခြေလှမယ်။
မြတ်ဗုဒ္ဓကဟောခဲ့ပါတယ်..
စိတ္တေန နီယတေ လောကော. တဲ့။
စိတ်ဓာတ်ကိုပြုပြင်မှ အဆင်ပြေမယ်ထင်ပါရဲ့။
စိတ်ဓာတ်ကိုပြုပြင်တဲ့ စနစ်များ လိုအပ်နေတယ်ထင်ပါရဲ့။
စိတ်ဓာတ်ကိုပြုပြင်ပေးတဲ့ ပုဂ္ဂိုလ်များ တိုးပွားသင့်တယ်ထင်ပါရဲ့။
စိတ်ဓာတ်ကိုပြုပြင်ပေးဖို့ အချိန်အများကြီး စောင့်ရဦးမယ်ထင်ပါရဲ့။
ငါ့ဘ၀ နေမကွယ်ခင် ဒီနိုင်ငံ...ဒီလူ့အဖွဲ့အစည်းကို
တည်ငြိမ်အေးချမ်းတဲ့လူဘောင်တစ်ခ
ဆရာတော်ဘုရားရဲ. မြင်ချင်တဲ. ဆန္ဒ အတိုင်း ပြည်.ဝလိမ်.မယ်လို. တပည်.တော်မ ယုံကြည်ပါတယ်ဘုရား။ ဓမ္မစကူးလ်လို ကျောင်း များများ ပေါ်ပေါက်လာနိုင်ပြီး၊ နောင်လာမယ်. မျိုးဆက်သစ် ကလေး လေးတွေရဲ. စိတ်ဓာတ်ကို ဓမ္မဆိုတဲ. တရား အသိနဲ. ပြုပြင်ပေးနိုင်ခဲ. မယ်ဆိုရင်ပေါ.ဘုရား...........ဆရာတော်ဘုရားကို အဝေးတနေရာမှ ရိုသေစွာဖြင်. လက်အုပ်မိုး၍ရှိခိုးဦးချလျှက်ပါဘုရား။
ReplyDelete