ဓမ္မပါရဂူကျောင်းတိုက်တည်ထားကိုးကွယ်နိုင်ရန် ဒါယကာကြီး ဦးဘဟိန်း+ဒါယကာမကြီး ဒေါ်ဋ္ဌေးဋ္ဌေး မိသားစုနှင့် ဒါယကာကြီး ဦးမောင်မောင်သန်း + ဒါယကာမကြီး ဒေါ်ဥမ္မာဟိန်း မိသားစုတို့က 1.85 ဧက ပမာဏရှိသောကျောင်းမြေကို လှူဒါန်းခဲ့ပါသည်။
ထိုမြေတို့သည် မြေတိုင်းစာရင်းတွင် ဦးညွှန့်မောင်+ဒေါ်သန်းခင်တို့ အမည်ဖြင့် အမည်ပေါက်သော မြေများ ဖြစ်သဖြင့် ရုံးကိစ္စစီစဉ်ရာတွင် အဆင်ပြေချောမွေ့စေရန် ကျန်ရစ်သူ သားသမီးများဖြစ်ကြသော (ဦးအေးသောင်)+ဒေါ်စောရှင်၊ ဦးတင်ရီ+ဒေါ်ခင်စန်းကြူ၊ ဦးထွန်းမြင့်+ဒေါ်ညွန့်ညွန့်စိန်တို့က အမည်ပေါက်မြေအမည်ကို ဓမ္မပါရဂူကျောင်းတိုက်အား (17-11-2012) နေ့တွင် လှူဒါန်းကြပါသည်။ ဦးညွန့်မောင်+ဒေါ်သန်းခင်တို့၏ သားသမီးများမှာ ဦးအေးသောင်၊ ဒေါ်ခင်စန်းကြူ နှင့် ဒေါ်ညွန့်ညွန့်စိန်တို့ ဖြစ်ကြပါသည်။
ဒေါ်စောရှင်၊ ဒေါ်ခင်အေးကြူ၊ ဒေါ်ညွန့်ညွန်စိန်၊ ကိုသိုက်(ကိုသန်းကျော်အေး)၊ မကလျာထွေးတို့က စာချုပ်စာတမ်းကို လှူဒါန်းစဉ်
ဓမ္မပါရဂူကျောင်းတိုက်ဆရာတော်မှ ဒေါ်စောရှင် (သမီး) မကလျာထွေး တို့အား ကုသိုလ်ရှင်ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ပါသည်။ အနားမှာရှိသော ကိုသိုက်သည် ဒေါ်စောရှင်၏ သားဖြစ်ပြီး ယခုလှူဒါန်းမှု ဖြစ်မြောက်အောင် အဓိကပံ့ပိုးဆောင်ရွက်ပေးသူ ဖြစ်သည်။
ဒေါ်ခင်စန်းကြူအား ကုသိုလ်ရှင်ဂုဏ်ပြုလွှာ ပေးအပ်ခြင်း။ ဒါယကာမကြီးသည် မိုးကုတ်ရိပ်သာတွင် အချိန်ပေး၍ တရားအားထုတ်နေသူဖြစ်သည်။
ဦးထွန်းမြင့်+ ဒေါ်ညွန့်ညွန့်စိန်အား ကုသိုလ်ရှင်ဂုဏ်ပြုလွှာ ပေးအပ်ခြင်း။ ဦးညွှန့်မောင်+ဒေါ်သန်းခင်တို့၏ အငယ်ဆုံးသမီး ဖြစ်သည်။ ယခုပွဲဖြစ်မြောက်အောင် ဆောင်ရွက်ရာတွင် ဒေါ်ညွှန့်ညွန့်စိန်၏ခင်ပွန်းဖြစ်သူ ဦးထွန်းမြင့်၏ စီမံလိုသည့်ပုံစံအတိုင်း အပြန်အလှန်ကတိများ ထားခဲ့ကြရပါသည်။
အမည်ပေါက်မြေအမည် လှူဒါန်းမှုအတွက် ရေစက်သွန်းချ အမျှဝေကြစဉ်။
ရဟန်းဒါယကာမကြီး ဒေါ်မြကြည်က အခွန်ပေးဆောင်မှုကတိအတွက် လက်မှတ်ရေးထိုးပေးပါသည်။
လှူဒါန်းမှုအပြီး အမှတ်တရ ဓာတ်ပုံများ။ ကိုဖိုးတိ က ကိုသိုက်နှင့် သူငယ်ချင်းဖြစ်ပြီး ဓမ္မပါရဂူကျောင်းတိုက်အတွက် ဆောင်ရွက်ဖွယ် ဝေယျာဝစ္စ တို့ကို ဆောင်ရွက်ပေးပါသည်။
ဤကုသိုလ်ပွဲသည် အမည်ပေါက်ပိုင်ဆိုင်မှုကို လှူဒါန်းခြင်းဖြင့် ရုံးကိစ္စများဆက်လုပ်ပါက လွယ်ကူမည်ဖြစ်သည်။ သာသနာ့မြေလျှောက်ထားမှုအတွက် ပုံစံဝင်သော အနေအထားဖြစ်သည်။ သာသနာ့မြေမကျသည့်တိုင်အောင် ကျောင်းတိုက်တည်ရှိမှုကို အာမခံနိုင်သော ကုသိုလ်ပွဲဟုလည်း ခေါ်ဆိုထိုက်ပါသည်။ ကျောင်းမြေနှင့်စပ်သမျှ ကုသိုလ်ရှင်အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် လိုရာဆန္ဒ ပြည့်ဝကြပါစေ....

No comments:
Post a Comment