စက်တင်ဘာလ (၉) ရက် ဥပုသ်နေ့ သီလပေးပါတယ်။ (၈) ပါးသီလထဲမှာ ကိုယ်အမူအရာ ကို စောင့်ထိန်းရတဲ့ သီလက (၇) ပါးရှိပြီး နှုတ်အမူအရာကို စောင့်ထိန်းရတဲ့သီလက မုသာဝါဒ (+၀ါဒိတ)မှ ရှောင်ကြဉ်ရတာ တစ်ပါးသာ ပါဝင်ကြောင်း ရှင်းပြပါတယ်။ စကားပြောတဲ့အခါမှာ မုသာဝါဒကို ရှောင်ကြဉ်ခြင်းအပြင် ဒီထက်ပိုပြီး ကျင့်သုံးချင်ရင်တော့ ကောင်းသောစကား၊ ချစ်ဖွယ်သော စကား၊ တရားစကားနဲ့ မှန်ကန်တဲ့စကား ကို ပြောဖို့လည်း လိုအပ်ပါတယ်။ ဒီတော့ “သုဘာသိတ၊ ပိယ-ဓမ္မာ ၊ မှန် သစ္စာ၊ လေးဖြာစကားတင်”ဆိုတဲ့ လင်္ကာကိုရွတ်ပြီး စကားပြောတဲ့အခါမှာ ကျင့်သုံးသင့်တဲ့ အဲဒီအင်္ဂါလေးပါးကို ဟောကြားခဲ့ပါတယ်။
ဒီကနေ့ အခြေအနေအရ အမိုးအတွက် ဆောင်ရွက်ထားမှုနဲ့ မိုးစရာအတွက် ဒေါ်ညက်(သမီး) မတင်တင်အေး လှူဒါန်းထားတဲ့ အလူဇင့်သွပ်ပြားများကို မှတ်တမ်းတင်ထားပါတယ်။
ဒီကနေ့ အခြေအနေအရ အမိုးအတွက် ဆောင်ရွက်ထားမှုနဲ့ မိုးစရာအတွက် ဒေါ်ညက်(သမီး) မတင်တင်အေး လှူဒါန်းထားတဲ့ အလူဇင့်သွပ်ပြားများကို မှတ်တမ်းတင်ထားပါတယ်။
No comments:
Post a Comment