ဒီကျောင်းဆောင်က ပေ ၂၀x ပေ ၃၀ ရှိပြီး အနောက်ဖက်မှာ ထနိမိုး အဖီတစ်ခု ချထားပါတယ်။ ပထမဦးဆုံး ၀ါဆိုဖို့ ဆောက်ထားတဲ့ ကျောင်းပါ။ ကျောင်းဆောင်ထဲမှာ တစ်ဝက်ကို သစ်သားခင်းထားပြီး ကျန်တစ်ဝက်ကို အုတ်အကြမ်းခင်းထားပါတယ်။ ပန်းရံမလုပ်ဖူးတဲ့ လက်သမား ကရင်နဲ့ အကိုကြီးတို့ရဲ့ လက်ရာပါ။ အလှူရှင်စာရင်းကို အလှူရှင်ကဏ္ဍ၌ ကြည့်ရှုနိုင်ပါတယ်။ သစ်ရိပ်ဝါးရိပ်နဲ့ မနီးလို့ နေပူရင် အပူရှိန်များပြီး မိုးရွာရင် သွပ်အသံက စကားပြောလို့ မကောင်းပါဘူး။ ဒါကြောင့် သွပ်အမိုးပေါ်မှာ အပူခံ အစိမ်းရောင် အခင်းစများကို လွှမ်းပေးထားပါတယ်။ အတွင်းမှာ မျက်နှာကျက် ရှိတယ်။ ကုဋီ တစ်ခန်းနဲ့ ရေကန်ငယ်တစ်ခုကိုလည်း ထည့်သွင်းထားပါတယ်။
No comments:
Post a Comment