ဓမ္မဗျူဟာ မင်္ဂလာစံကျောင်းကို ဇွန်လ ၂၅ ရက်နေ့လောက်ကစပြီး အလုပ်ပြန်စနေပါပြီ။ သိမ်ကျောင်းဖက် မှာ ယူသုံးထားတဲ့ သံချောင်းများကို ပြန်လည်ဖြည့်တင်းရတယ်။ ပြန်သုံးလို့ရတဲ့ ပစ္စည်းများကို ပြန်သုံးဖို့ စီမံရသလို ပြန်သုံးလို့မရတော့တဲ့ ငါးထပ်သား ၂၇ ချပ်၊ သုံးတစ်+သုံးနှစ်သစ်သား ၃ သိန်းဖိုးလောက် ထပ်ရှာရတယ်။ ဒီရက်အတွင်းမှာ ပစ္စည်းဖြည့်တင်းခြင်း ၁၅ သိန်းခန့်ဖြစ်ပြီး၊ ရန်ကုန်နဲ့ဓနုဖြူ ကျောင်းအလှူ သိန်း ၂၀ လောက်ဝင်လာပါတယ်။ ၀ါမဆိုခင် မိုးထဲရေထဲ အကြမ်းထည်ပြီးအောင် အမြန်စီစဉ်နေပါတယ်။ ဇူလိုင် ၆ရက် ၇ရက်လောက်ဆိုရင် အပေါ်ထပ်စလက်လောင်းမယ်။ အပေါ်ထပ်တိုင်များကို တစ်ဆက်တည်း ဆက်လုပ်ဖို့ စီစဉ်နေပါတယ်။ ၀ါဆိုအမှီ သံဃာတချို့သီတင်းသုံးနိုင်အောင် ကြိုးစားနေကြပါတယ်။
| ဇွန်လ ၂၅ ရက်နေ့လောက်က ဓမ္မဗျူဟာ စံကျောင်း ပြန်စနေပါပြီ။ |
| အပေါ်ထပ် စလက်လောင်းဖို့ပါ |
| ဇူလိုင် ၆-၇ ရက်နေ့လောက် လောင်းဖြစ်မှာပါ |
| စံကျောင်းနဲ့ သိမ်ကျောင်း မြင်ကွင်း |
No comments:
Post a Comment